Hepatitis B links အသည်းရောင် (ဘီ) ဖတ်စရာများ

၁။ ဆရာခင်ဗျာ အသက် ၂၉ ကျား အိမ်ထောင်မရှိ အတူနေမိန်းကလေးရှိ Oversea ထွက်ဖို့ဆေးစစ်ရင်း B positive မသေချာဘဲ ရေးရေးပေါ်တဲ့အဖြေထွက်လာပါတယ် လက်ရှိ B ကာကွယ်ဆေး ထိုးနေတာ ၆လရှိပါjပီ ၈လပိုင်း၂၀၁၇ ကနေ ၃ လဆက်တိုက် ၃ ကြိမ်ထိုးထားပါတယ် ဘယ်လိုဆက်လုပ်ရမလဲ အကြံလေးပေးပါဦးဆရာခင်ဗျ ကျေးဇူးတင်ပါတယ်

၂။ လေးစားရပါသောဆရာခင်ဗျား မေးခွန်းလေးတခု မေး ခွင့်ပြုပါ။ ကျတော် အသက် ၃၄ နစ်ရှိပါပြီ။ ကျတော့် အသက် ၁၉ နစ်သားက ကျတော့်အကို ကျန်းမာရေးအတွက် အရေးကြီ သွေးလိုလို့ ကျတော်ရဲ့သွေးကို ဖောက်စစ်ဆေးခဲ့ရာမှာ ကျတော့်တွင် အသဲရောင် B ပိုးတွေ့ခဲ့လို့ ကျွန်တော် သွေးလှူခွင့် မရခဲ့ပါဘူး။ အဲဒီ အချိန်တုံးက သွေးစစ်လို့သာ သိခဲ့ရပေမဲ့
သွေးအဖြေသိစ တနစ်လောက်အတွင်းမှာ ကျတော် စိတ်ညစ်မှုတွေရှိခဲ့တာကလွဲလို့ ကျန်မာရေးညံ့တာ ထူးထူးခြားခြား မခံစားခဲရပါဘူး။ မိဘတွေကတော့ အင်္ဂလိပ်ဆေး ဗမာဆေးမီးတိုတွေနဲ့တော့ ပြပြီး ကုသမှုတော့ အနည်းငယ် ရှိခဲ့ပါတယ်။ ကျန်းမာရေးက ထူးထူးခြားခြား အညံ့ပိုင်းမှာ မရှိခဲ့လို့ နောက်တကြိမ် စစ်ဆေးမှုကို အခုချိန်ထိ မလုပ်ခဲ့ပါဘူး။ အတူနေမယ်ဆိုရင် ကူးစက်နိင်ပါသလား။ လက်မထပ်ခင် ကျတော့်ချစ်သူကို B ပိုး ကာကွယ်ဆေး ကြိုတင် ထိုးခဲ့မယ်ဆိုရင် သူ့ကို ရောဂါပိုးကူးစက်နိင်ပါသလားကို သိချင်လို့ပါဆရာ။ လေးစားစွာဖြင့်။

၃။ ကျွန်တော့်မှာ ဘီပိုးရှိနေလို့ပါဆရာ။ အများကို ကူးဆက်စေပါသလား။ ကိုယ်ကိုယ်တိုင်ကော ပိုးက ဆက်လက် ပွားများနေလား။ ဘယ်လို ကုသရင် အရှင်းပျောက်မလဲ သိချင်လို့ပါ ဆရာ။ လေးစားရိုသေလျက် (အသက် မသိပါ။ ကူးစက်လို့သာရေးရတယ်။)

၎။ ဆရာရှင် ကျွန်မရဲ့အစ်မအသက် ၂၉ ကျော် အိမ်ထောင်ရှိ ကလေးတယောက်အမေ ကျန်မာရေးကောင်းပါတယ် သွေးစစ်ကြည့်တာ ဘီပိုးရှိလို့ အကောင်စစ်ရပါတယ် အဖြေက 1.128×(10) ပါဝါ 9 ဖြစ်ပါတယ် (10) ပါဝါ 9 ကို ဖုန်းနဲ့ရေးတာ အဆင်မပြေလို့ ခုလိုရေးရတာပါ အကောင် ဘယ်လောက်ရှိတာပါလဲရှင် ဖြေကြားပေးပါ အမှားပါရင် ခွင့်လွှတ်ပေးပါ

၅။ ဆရာ မင်္ဂလာပါရှင့်။ မေးခွင့်ပြုပါရှင့်။ အသည်းရောင်အသားဝါ ဘီပိုးအကြောင်းသိချင်လို့ပါရှင့်။ ဖြစ်နေတာ ၄ နှစ်လောက်ရှိပါပြီ။ ညောင်းကိုက်လို့ဆေးခန်းသွားပြတော့ သွေးတွေဘာတွေစစ်ကြည့်တော့ ဘီပိုးရှိတာသိရလို့ ဆေးတွေသောက်ခဲ့ပါတယ်ရှင့်။  ဆေးခန်းမသွားဖြစ်တာ ကြာပါပြီ။ ၂ နှစ်လောက်ရှိပါပြီရှင့်။ သွေးလည်းမစစ်ဖြစ်ပါဘူး။ သမီး သိချင်တာက ရောဂါလက္ခာမပြတဲ့အတွက် ကုသမှုမခံတော့ပါဘူးရှင့်။ အဲ့အတွက် ပိုဆိုးလာနိုင်ပါသလားရှင့်။ အမြစ်ပြတ်အောင် ကုသရနိုင်ပါသလားရှင့်ဆရာ။ အသက်က ၂၇ ပါရှင့်။

၆။ လူနာအသက် (၁၉)နှစ်၊ ကျား၊ အိမ်ထောင်ရှိ၊ မင်္ဂလာဆောင်ခါနီး သွေးစစ်ကြည့်ရာမှ အမျိုးသမီးရော အမျိုးသားရော နှစ်ယောက်စလုံး ဘီပိုးရှိမှန်းသိခဲ့ပါတယ်။ ဆရာဝန်နှင့်တိုင်ပင်ပြီး အမျိုးသမီးက ဆေးသောက်ရန်မလိုဟုပြောသဖြင့် အမျိုးသားသာဆေးသောက်ခဲ့ပါတယ်။ ဆေးသောက်ချိန်ကာလ တနှစ်ကျော်ပါပြီဆရာ။ ဆေးလိပ် ကွမ်းယာ အရက် လုံးဝကင်းပါတယ်ဆရာ။ အလုပ်အကိုင် တက္ကသိုလ်တတိယနှစ်ကျောင်းသားပါ။ အမျိုးသမီးကတော့ ခြောက်လလောက်နေတော့ ဆရာဝန်နဲ့ပြန်ပြပြီး စစ်ကြည့်တဲ့အခါ ပိုးမတွေ့တော့သဖြင့် ဘီးပိုးကာကွယ်ဆေးလည်း ထိုးထားပြီးပါပြီ။ ယခု အမျိုးသားလူနာရဲ့ဆေးအဖြေလွှာများလည်း ပူးတွဲပို့လိုက်ပါမယ်ဆရာ။ လုံးဝပျောက်ကင်းနိုင်ခြေ ရှိမရှိ နဲ့ ဆေးသောက်တာ ရပ်လို့ရမရ သိချင်လို့ပါဆရာ။

၇။ အသည်းရောင်အသားဝါ B ပိုးလူနာ။ ယောက်ျားလေး အသက် ၃ဝ။ ဆေးစစ်ချက်တွေကို ဖိုင်တွဲ၍ပို့ထားပါတယ်ဆရာ။ ခုချိန်ထိလည်း ဆရာဝန်နဲ့ ကုသနေပါတယ်။ ဆရာဝန်ကတော့ ထိုးဆေးထိုးရင် တစ်နှစ်စာ ၄၈ လုံးထိုးရမယ်ပြောပါတယ်။ ကုန်ကျစရိတ်က သိန်း ၄၀ ဝန်းကျင်ဆိုတော့ မတတ်နိုင်လို့ စားဆေးပဲ စားခိုင်းပါတယ်။ ထိုးဆေးက ပျောက်ဖို့ ၈၀- ၉၀% ရှိတယ်။ စားဆေးကတော့ အနည်းဆုံး ၃ နှစ်လောက်စားရမယ်ပြောပါတယ်။ ပျောက်ကင်းဖို့တော့ မသေချာဘူးတဲ့။ အရမ်းစိတ်ဆင်းရဲနေလို့ပါ ဆရာ။ ပိုးကောင်ရေ ၂၇ကောင်ရှိတယ်လို့ပြောပါတယ်ဆရာ။

၈။ ကျွန်တော်အသက် ၃၁ နှစ်ပါဆရာ။ ဖြစ်နေတာဘယ်လောက်ကြာသိလဲမသိပါဘူးဆရာ။ အလုပ်တခုအတွက် ဆေးစစ်တာကစသိတာပါဆရာ။ စသိတဲ့အချိန်ကနေ အခုချိန်ထိဆို ၁ နှစ်ပြည့်ခါနီးပါပြီဆရာ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို သောက်ပါတယ်ဆရာ။ အလုပ်တခုအတွက်ဆေးထပ်စစ်တာ ပြန်တွေ့နေရသေးလို့ပါဆရာ။ Tenovir ကို သောက်ပါတယ်ဆရာ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဆရာဆရာ။

အသည်းရောင်ဘီပိုး ကူးစက်ခံရရင် အများအားဖြင့် လပိုင်းနဲ့ ကင်းပျောက်သွားနိုင်တယ်။ လူအနည်းငယ်ကတော့ ဆိုးတဲ့အဆင့်ကူးသွားတတ်တယ်။ ၆ လ ကျော်နေတာကို နာတာရှည်အဆင့်ဖြစ်တာလို့ခေါ်တယ်။ ကလေးငယ်တွေမှာ ကူးစက်ခံရရင် နာတာရှည်ဖြစ်လာနိုင်တယ်။ နာတာရှည်အဆင့်ကိုတော့ ပျောက်ကင်းအောင်တော့ မလုပ်နိုင်သေးပါ။ ဆောရီး။ ကုသနိုင်တဲ့ရောဂါတော့ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနည်း နှစ်နည်းရှိတယ်။ ‪‎သုံးလုံးထိုးတဲ့‬ ပထမနည်းက ပထမအကြိမ်နဲ့ ဒုတိယအကြိမ် တလခြားထိုးရမယ်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကို ငါးလခြားထိုးရမယ်။ (၀-၁-၆) နည်းခေါ်တယ်။ လေးလုံးဒုတိယနည်းက တလခြားစီ သုံးခါထိုးပြီး တနှစ်ကြာမှ နောက်တခါထိုးတယ်။ (၀-၁-၂-၁၂) နည်းခေါ်တယ်။‬ ဘယ်နည်းထိုးထိုး Dose ကိုပြည့် အောင်ထိုးရမှာပါ။ Dose မပြည့်ရင် ကာကွယ်ဆေး မအောင်နိုင်သလို ပြန်ထိုးချင်ရင် အစကနေပြန်စပြီးထိုးရပါတယ်။ ဘီပိုးရှိနေသူနဲ့ အကာကွယ်မပါပဲအတူနေရင် ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးကနေ ကာကွယ်နိုင်ပါတယ်။

စိုးရိမ်ရလား၊ ဆရာဝန်ပြရမလား၊ ဆေးစစ်ချက်ဘာသာပြန်ပေးပါဆိုတဲ့ မေးခွန်းတွေကို မဖြေလိုပါ။ ကာကွယ်နည်းနဲ့ ကုသနည်းမေးရင်သာ ဖြေလိုတယ်။

1. Hepatitis B (1) အသည်းရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
2. Hepatitis B (2) အသည်းရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
3. Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
4. Hepatitis B Antibody Level (ဘီ) ပိုး (အင်တီဘော်ဒီ) အနည်း-အများ http://dts-medicaleducation.blogspot.in/2014/03/hepatitis-b-antibody-level.html
5. Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
6. Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
7. Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
8. Hepatitis B Prognosis (ဘီ) ပိုး အလားအလာ http://dts-medicaleducation.blogspot.in/2013/08/hepatitis-b-prognosis.html
9. Hepatitis B vaccine ဘယ်ကနေထုတ်သလဲ http://dts-medicaleducation.blogspot.in/2014/03/hepatitis-b-vaccine.html
10. Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
11. Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
12. Liver blood tests အသဲအခြေအနေ သိချင်ရင် သွေးစစ်ပါ http://dts-medicaleducation.blogspot.com/2012/01/liver-blood-tests.html
13. Liver cancer early detection အသဲကင်ဆာ စောစောဘယ်လိုသိနိုင်သလဲ http://dts-medicaleducation.blogspot.in/2014/03/liver-cancer-early-detection.html
14. Liver diseases အသဲရောဂါများ http://dts-medicaleducation.blogspot.com/2011/12/liver-diseases.html
15. Liver Tonics အသဲအားဆေး http://dts-medicaleducation.blogspot.in/2014/03/liver-tonics.html
16. Liver Transplant Matching Criteria အသဲချင်း တူကြရဲ့လား http://dts-medicaleducation.blogspot.in/2013/07/liver-transplant-matching-criteria.html
17. Liver transplant အသဲအစားထိုးကုသခြင်း http://dts-medicaleducation.blogspot.in/2013/07/liver-transplant.html
18. Hepatitis B and Sweating အသဲရောင်ဘီ ချွေးကနေ ကူးနိုင်သလား https://doctortintswe.blogspot.com/2014/11/hepatitis-and-sweating.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး