Liver transplants may be unnecessary thanks to new drug treatment

အသည်းအစားထိုးရတာ နည်းစေနိုင်တော့မလား

၁၆-၈-၂ဝ၁၈ နေ့ထွက် ဆေးသုတေသနသတင်းဖြစ်ပါတယ်။ အသည်းအလုပ်နိုင်အောင်မလုပ်နိုင်တော့သူတွေကို အသည်းအစားထိုးကုသပေးနေပါတယ်။ ကုနည်းသစ်က ဆေးကိုသာသုံးတယ်။ အသည်းဟာ တခြားခန္ဓာအစိတ်အပိုင်းတွေနဲ့ မတူတာက ပျက်စီးတာဖြစ်ရင် အသစ်အစားပေါက်ပွားလာနိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။

ယူကေတနိုင်ငံတည်းမှာ အသည်းအလုပ်မလုပ်တော့တဲ့လူနာ တနှစ်မှာ ၂ဝဝ လောက်ရှိတယ်။

ဆေးသစ်ဟာ ကင်ဆာကိုပေးနေတဲ့ဆေးဖြစ်တယ်။ စမ်းသပ်မှုက စောတော့စောပါသေးတယ်။ စမ်းသပ်မှု အောင်မြင်ရင် အသည်းအစားထိုးရတာ နည်းစေနိုင်ပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး