Medical Test Accuracy ဆေးစစ်ချက်တွေ ၁၀၀% မှန်သလား

ဆရာခင်ဗျား နှလုံးသွေးကြော ကျဉ်း မကျဉ်း ၁၀၀% သိနိုင်တဲ့ medical check-up မျိုး ရှိလားခင်ဗျ။ ဥပမာ echo တို့ ecg ဆွဲတာတို့လိုမျိုး။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ ခင်ဗျား။

ဘယ်အရာမဆို ၁ဝဝ% ဆိုတာ မရှိပါ။

ရောဂါဗေဒအထူးဆရာဝန်တွေက အလွန်ဆုံးအာမခံရင် ၉၉% ထက်မပိုပါ။ အဲတာကော ဘယ်လောက်အထိ တိကျသလဲ။ သုတေသနတွေလုပ်တယ်။ ဆေးပညာသုံးနဲ့ စာရင်းဇယားသုံးဝေါဟာရတွေထည့်ရေးရင် ခေါင်းရှုတ်မယ်။ နည်းနည်းလေးသာ ရေးပါရစေ။

ဥပမာ HIV စစ်မယ်။ လူဦးရေ ၁ဝဝဝဝ ဆိုပါစို့။ ၉၉% မှန်တယ်ဆိုရင် ၁% မှာ ပိုးကူးစက်ထားတယ်လို့ အဖြေထွက်မယ်။ လူ ၁ဝဝ မှာ ပိုးရှိတယ်။ လူ ၉၉ဝဝ မှာ ပိုးမရှိ။ ၉၉% တိကျတယ်ဆိုထားပြန်လို့ အဲဒီ လူ ၁ဝဝ ထဲက ၉၉ ယောက်သာ ပိုးတကယ်ရှိမယ်။ ကျန်လူ ၉၉ဝဝ ထဲက ၁% ဖြစ်တဲ့ ၉၉ ယောက်က မှားပြီး + ပြတာ။ ၉၈ဝ၁ ယောက်သာ အမှန်ကတယ် ပိုးမရှိတာ။

အမျိုးသမီး မျိုးဥအိမ်ကင်ဆာကိုစမ်းတဲ့ CA-125 test မှာ မှားပြီး + ပြနှုန်းများတယ်။ အဲတာကြောင့် သိပ်မသုံးကြတော့ပါ။

ဓါတ်ခွဲခန်းအဖြေတွေ အသုံးမကျတော့ဘူးလို့တော့ မထင်ပါနဲ့။ ဆရာဝန်တွေက လူနာအခြအနေတွေ တခြား စမ်းသပ် စစ်ဆေးချက်တွေကိုပါ ထည့်သွင်းစဉ်းစားကြတယ်။ လိုအပ်သေးရင် ဘုတ်အဖွဲ့ထိုင်ပြီးဆုံးဖြတ်တယ်။ လူနာမှာလည်း ရွေးချယ်ခွင့်ရှိလို့ ဒီဆေးရုံမကြိုက်သေး နောက်ဆေးရုံ၊ ဒီတိုင်းပြည်အားမရသေး နောက်တိုင်းပြည် သွားလို့ရကြပါတယ်။

ဆေးပညာနယ်ပယ်မှာဖြစ်ဖြစ် တခြားနယ်ပယ်တွေမှာဖြစ်ဖြစ် ပါဖက်ခေါ်တဲ့ ၁ဝဝ% ဆိုတာ မရှိပါ။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး