Mother’s Hands အမေ့လက်

လူချင်းတော့ မတွေ့ဖူးပေမဲ့ ရင်းနှီးနေသူ တခြားတိုင်းပြည်တခုမှာနေတဲ့ အမျိုးသမီးတယောက်ကရေးတယ်။ အမေ သမီးနေလို့မကောင်းဘူးအမေ။ နှိပ်နယ်ပြုစုပေးတတ်တဲ့ အမေ့လက်ချောင်းလေးတွေကို သမီးလွမ်းလိုက်တာ။ ရှာဖွေ ဖေါ်စပ်တိုက်ကျွေးတတ်တဲ့ အမေ့ဆေးမြီးတိုလေးတွေကို တောင့်တတယ်။ အမေဘယ်ရောက်နေလဲအမေရယ်တဲ့။

ကျွန်တော်ငယ်ငယ်က စာကျက်နေရင် အမေက ဂုတ်ကြောကိုလာနှိပ်ပေးတယ်။ ဆော့လို့ဒဏ်ရာရတဲ့အခါ ဇာဒိပ္ဖိုလ်သီး သွေးလိမ်းပေးတယ်။ ပရုပ်ဆီလိမ်းပေးတယ်။ နှာခေါင်းပိတ်နေရင် ရေနံဆီရှူခိုင်းတယ်။ အဲလိုနဲ့ ဆရာဝန်ဖြစ်ခဲ့တယ်။

အသက်ရလေ အမေ့သတိရလေ။ အမေ့စကား နားထောင်နိုင်လေ။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂ဝ၁၅
၂၄-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး