No Wishes ပိုးဖေါက်တဲ့အသီးကို ဆွမ်းတော်မတင်သင့်

ဆုတောင်းစာတွေ၊ တရားစာတွေ၊ ဟက်ကာဆိုတာတွေ၊ ဟိုသတင်း ဒီသတင်းတွေ၊ အဆန်းဆိုတာတွေ ဘာကိုမှ မပို့ပါရန်လို့ အကြိမ်တရာလောက်ရေးထားပြီးပြီ။ နေမကောင်းလို့မေးတာတွေကို ဖြေစရာအချိန်နည်းစေလို့နည်း အမှားတွေပါတာများလို့ဖြစ်ပါတယ်။ အခုပဲရောက်တဲ့ မွေးနေ့ဆုတောင်းစာမှာ သတ်ပုံ ၂ ခုမှားနေတယ်။

🌟 ✨💘 Happy Birthday ပါ ဆရာ 🎵 ✨
✨🌻  ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹  အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨

ကြံစည်သမျှလို့ ရေးရတယ်။ လှူဒါန်းလို့ ရေးရတယ်။ အလှူအတန်းလို့ ရေးနိုင်တယ်။

အမှားတွေပို့ခြင်း ဝေမျှခြင်းဟာ ပိုးဖေါက်ထားတဲ့အသီးကို လက်ဆောင်ပေးသလို ဆွမ်းတော်တင်သလိုပဲ။

ပုံမှာ ညအချိန်ဖြစ်လို့ ဆွမ်းတော်တင်ထားတာမရှိပါ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး