Number of Ancestors ဘိုးဘွားစဉ်ဆက်

လူတယောက်မှာ မိဘနှစ်ပါးအရင်က ဘိုးဘွားစဉ်ဆက် အရေအတွက် ဘယ်လောက်ရှိသလဲ တွက်ဆကြည့်သူ အတော်ကို ရှားမယ်ထင်ပါတယ်။ လူတယောက်ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း တရာ၊ တထောင်အတွက် ဆွေမျိုးစဉ်ဆက် အရေအတွက် မသိနိုင်ကြဘူးလို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

အထက်ဆွေစဉ် ခုနစ်ဆက်အခေါ်အသုံးများ
၁။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘော။
၂။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ညှောက်၊ စေ့။
၃။ ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘဲ့၊ ဘော့၊ ဘွေး။
၎။ အဖ၊ အဖိုး၊ အဘွေး၊ အဘဲ၊ အဘီ၊ အဘော၊ အဘောင်။

ဂဏန်းသင်္ချာလိုတော့ တွက်လို့ရတယ်။
၁ ဆက် = အမေနဲ့ အဖေ = ၂ ယောက်။
၂ ဆက် = အဖိုးနဲ့အဖွား = ၄ ယောက်။
၃ ဆက် = အဘွေးနဲ့ အဘဲ = ၈ ယောက်။
၎ ဆက် = အဘောနဲ့ အဘောင် ၁၆ ယောက်။ စသဖြင့် ၂ ဆတိုးတိုးသွားတယ်။
၁ဝ ဆက်ဆိုရင် စုစုပေါင်း ၁,ဝ၂၄ ယောက်ရှိမယ်။
၂ဝ ဆက်ဆိုရင် စုစုပေါင်း ၁,ဝ၄၆,၅၇၆ ယောက်ရှိမယ်။
၃ဝ ဆက်ဆိုရင် စုစုပေါင်း ၁,ဝ၇၃,၇၄၁,၈၂၄ ယောက်ရှိမယ်။
၎ဝ ဆက်ဆိုရင် စုစုပေါင်း ၁,ဝ၉၉,၅၁၁,၆၂၇,၇၇၆ ယောက်ရှိမယ်။

ဂျင်နရေးရှင်း ၁ ဆက်ကို ပျမ်းမျှ ၂၅ နှစ်ထားမယ်။
၅ ဆက်ဆိုရင် လွန်ခဲ့တဲ့ ၁၂၅ နှစ်ကဖြစ်မယ်။
၁ဝ ဆက်ဆိုရင် လွန်ခဲ့တဲ့ ၁,ဝ၂၄ နှစ်က ဖြစ်မယ်။ အနော်ရထာမင်းအရင် စုက္ကတေးမင်းလက်ထက်လောက်ဖြစ်မယ်။
၂ဝ ဆက်ဆိုရင် လွန်ခဲ့တဲ့ ၁,ဝ၄၈,၅၇၆ နှစ်က ဖြစ်မယ်။
၃ဝ ဆက်ဆိုရင် လွန်ခဲ့တဲ့ ၁,ဝ၇၃,၇၄၁,၈၂၄ နှစ်က ဖြစ်မယ်။
၎ဝ ဆက်ဆိုရင် လွန်ခဲ့တဲ့ ၁,ဝ၉၉,၅၁၁,၆၂၇,၇၇၆ နှစ်က ဖြစ်မယ်။

ကျွန်တော့် ဖင်မလီထရီး ခေါ် မိသားစုသစ်သစ်ပင်ကြီးက အမျိုးတွေအမည်ကို စာအုပ်ပါးလေးတခုပြုစုထားတယ်။ ပြုစုသူတွေကို တကယ်ကျေးဇူးတင်ပါတယ်။ ကင်းဝန်မင်းကြီးဦးကောင်းကနေ စတယ်။ စုံသေးတာမဟုတ်လို့ ဖြည့်စွက်ကြရဦးမယ်။ ကျွန်တော့်အထက် ၃ ဆက်အထိသာရှိတယ်။ ကျွန်တော်နောက်မှာလည်း အခုထိ ၃ ဆက်ရှိနေပြီ။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး