Our Community ကျွန်ုပ်တို့၏ ကွန်မြူနတီ

နိုင်ငံရေးသတင်းတွေကို အမျိုးမျိုးရေးကြတာတွေ ဖတ်ရတယ်။ သတင်းကတော့ တမျိုးတည်း။ နှစ်ထောင်းအားရ ရေးတဲ့သူတွေ။ ရစရာမရှိအောင် ပြစ်တင်သူတွေ။ အဲလိုနှစ်မျိုးရောထားတာကို ကွန်မြူနတီလို့ခေါ်တယ်။ ရေးခွင့် ဆဲခွင့် ရတာကို ဒီမိုကရေစီလို့ ခေါ်ချင်သူတွေက ခေါ်ကြတယ်။

ကျွန်တော်တို့ ကြားထဲမှာ (အမှန်က အထက်ဘေးနားမှာ) နေသူတွေက သဘောကျနှစ်ခြိုက်ပြီး မိန့်မိန့်ကြီး။ သူတို့လည်း ကွန်မြူနတီထဲက။ ကြက်နှစ်ကောင် အမောစောင့်တဲ့အဖြစ်တော့ မဟုတ်။ ကျွန်တော်တို့ကွန်မြူနတီ တိုးတက်လာပြီ။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး