Portrait ပုံတူ

ကျွန်တော်က ပုံဆွဲဝါသနာပါတယ်။ အစက ပန်းချီလို့ ကိုယ့်ကိုယ်ကို ထင်နေတာ တကယ့်ပန်းချီဆရာတွေနဲ့တွေ့မှ အော့့် ငါက ပုံဆွဲအဆင့်ပါလားလို့ သိလာတယ်။ ရှက်။

ဆေးကျောင်းမှာ သူငယ်ချင်းတွေပုံနဲ့ သူတို့ရည်းစားပုံတွေ ဆွဲပေးရတယ်။ ဒီပုံက သူငယ်ချင်းတယောက်ရဲ့ပုံ။ သူကသိမ်းထားလို့ မနှစ်က မွေးနေ့မှာ ပြန်တွေ့ရတာ။ ကျေးဇူး။ ၁၉၆၈ ကဆိုတော့ နှစ် ၅ဝ ရှိပြီ။

ကိုယ့်ပုံကိုယ် ပုံတူ မဆွဲပါ။ အမေရိကန်သမတ စီနီယာ ဘွတ်ရှ်ကလည်း ပေါထရိတ် ခေါ် ပုံတူဆွဲတယ်။ သူပြောတာက ကိုယ့်ဇနီးပုံကို ပုံတူမဆွဲနဲ့တဲ့။

ကျွန်တော်က သူ အဲလိုပြောတာကို နောက်မှသာ ဖတ်ဖူးတာ။ ကျွန်တော့်ဇနီးလောင်းပုံကို ဆွဲမိတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး