Resource curse သယံဇာတ ကျိန်စာသင့်ခြင်း

ထင်းတွေကကုန်၊ ကျောက်မီးသွေးကခမ်းလာတော့ ရေနံနဲ့ သဘာဝဓါတ်ငွေ့အတွက် လုပ်ရတာက ကနေ့ခေတ် နိုင်ငံတကာ (နိုင်ငံရေး + စီးပွါးရေး + စစ်ရေး) ဖြစ်လာတယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့လိုတဲ့နိုင်ငံတွေက အဲဒီနည်းလမ်းသုံးသွယ်ကို အစွမ်းကုန်သုံးရတယ်။ ရှိတဲ့သူတွေက ဈေးကောင်းရအောင် မလုပ်နိုင်ရှာကြဘူး။ ဘာလို့လဲဆိုတော့ တွင်းပိုင်တဲ့ အစိုးရတွေက အဲတာတွေကနေရတဲ့ဝင်ငွေကို ကိုယ်ချမ်းသာရေးအတွက်သာ အားစိုက်နေကြလို့ဘဲ။

သယံဇာတပေါကြွယ်ဝတာဟာ ကျိန်စာသင့်တာ’ လို့ပြောတာ သိပ်မှန်တယ်။ တိုင်းပြည်က စစ်တလင်းဖြစ်ချင်ဖြစ်မယ်၊ လူမွဲစာရင်းသွင်းတာခံရမယ်။ ဥပမာကို အဝေးကြီးကြည့်စရာမလိုပါ။

Resource curse သယံဇာတပေါကြွယ်ဝတာဟာ ကျိန်စာသင့်တာပါ’ ဆိုတဲ့ နိုင်ငံရေးဝေါဟာရပေါ်လာတာ နှစ်တွေသိပ်ကြီးမကြာလှသေးပါ။ ၁၉၈ဝ ကျော်မှပါ။ ‘Paradox of plenty ကြွယ်ဝခြင်း၏ဝိရောဓိ’ လို့လဲ ခေါ်သေးတယ်။ သဘာဝလောင်စာအရင်းအမြစ်တွေ ထွက်တဲ့နိုင်ငံတွေမှာဖြစ်နေတဲ့ တကယ့်ပကတိ အခြေအနေကိုပြောတာပါ။ ဒီအရင်းအမြစ်မျိုးက ကုန်ခမ်းတယ်၊ အစားထိုးမရဘူး။ လူသားအရင်းအမြစ်လို့ တနေ့တခြားတိုးနေတာမဟုတ်ဘဲ စက္ကန့်မလပ် ကုန်ခမ်းနေတာမို့ ဈေးကောင်းတယ်။ ဈေးကောင်းတော့ ပိုက်ဆံများများရတာပေါ့၊ ချမ်းသာမှာပေါ့လို့ သူငယ်တန်းစီးပွါးရေးသီအိုရီက ဒီနေရာမှာ တက်တက်စင် မှားတယ်။ ပြောင်းပြန်ပြောမှသာ မှန်နေတယ်။

စီးပွါးရေးဖွံ့ဖြိုးမှု + သဘာဝရင်းမြစ် + ထုတ်ကုန်ကဏ္ဍ (စိုက်ပျိုးကုန်) အဆက်အစပ်ကို လေ့လာတာကို စီးပွါးရေးပညာမှာ Dutch disease ဒတ်ခ်ျရောဂါလို့လဲ သုံးတယ်။ သဘာဝရင်းမြစ်ကနေ အခွန်တွေရလို့ ငွေကြေး ခိုင်မာလာမယ်။ ပို့ကုန်တွေဈေးမြင့်လာမယ်။ သွင်းကုန်တွေကဈေးချိုမယ်။ အဲတော့ ကုန်ထုပ်လုပ်မှုမှာ အပြိုင်အဆိုင် နည်းစေတယ်။

Resource curse thesis ရင်းမြစ်ကျိန်စာ သီးဆစ်’ ကို ၁၉၉၃ မှာ Richard Auty ‘ရစ်ချတ် အော်တီ' က ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရေနံကြွယ်ဝတဲ့တိုင်းပြည်အုပ်စု OPEC ထဲမှာ ၁၉၆၅ နဲ့ ၁၉၉၈ အတွင်းက GNP per capita growth ဖွံ့ဖြိုးမှုဟာ ၁့၃% သာရှိခဲ့တယ်။ ကျန် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၂့၂% ရှိတယ်။

၂ဝ၁၃ မှာ အောက်စဖို့ဒ်ကနေ စာတမ်းတခုထုတ်တယ်။ ‘Carbon Curse ကာဗွန်ကျိန်စာ’ လို့ အမည်ပေးထားတယ်။ သဘာဝရင်းမြစ်များတဲ့နိုင်ငံနေကနေ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုဟာ သဘာဝရင်းမြစ်နည်းတဲ့နိုင်ငံတွေထက် များတယ်။

ကျိန်စာမှာ ဘာတွေပါသလဲ -
(၁) Tug of war between people and government အစိုးရနဲ့လူထုလွန်ဆွဲပွဲဆိုတာပါတယ်။ လူတွေကဖြစ်စေချင်တာနဲ့ အစိုးရကလုပ်နေတာက ဆန့်ကျင်ဘက်တွေဖြစ်တာကိုပြောတာဖြစ်တယ်။ ချမ်းသာတဲ့အစိုးရအရာရှိတွေက ဇိမ်ခံပစ္စည်းတွေကို တင်သွင်းယူကြတယ်။ လူတွေအတွက် ဆေးဝါးနဲ့ အစားအသောက်ကို လိုသလောက်မသွင်းဘဲ ထားတယ်။

(၂) Internal conflict ပြည်တွင်း ပဋိပက္ခဆိုတဲ့ ပြည်တွင်းစစ်ဖြစ်မယ်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ်တယ်။

(၃) International war and conflict နိုင်ငံတကာစစ်ပွဲတွေနဲ့ ပဋိပက္ခတွေဖြစ်တယ်။ အီရတ်ကနေ အီရန်နဲ့ ကူဝိတ်ကို ဝင်သိမ်းတယ်။ အမေရိကန်က ကူဝိတ်ဘက်ကနေ တိုက်ပေးတယ်။ လစ်ဗျားကနေ ချတ်ကိုခဏခဏကျူးကျော်တယ်။

(၄) Corruption အကတိလိုက်စားမှုအကြီးအကျယ်ရှိတယ်။ အစိုးရကနေ တူးဖေါ်ခွင့်ပေးတာ၊ ရောင်းချတာ၊ ဝယ်ယူတာ နေရာတိုင်းမှာ လာဘ်ယူတယ်။ အမေရိကန်ပြည်ထောင်စု ဆီးနိတ် နိုင်ငံခြားဆက်ဆံရေးကော်မတီကနေ Petroleum and Poverty Paradox ဓါတ်ဆီနဲ့ ဆင်းရဲမွဲတေမှု ဝိရောဓိဆိုတဲ့အစီရင်ခံစာ ထုတ်ထားတယ်။

မြန်မာပြည်မှာ သဘာဝဓါတ်ငွေ့ထွက်တာကနေ ကျိန်စာသာမက ဦးပိုင် နဲ့ ဝမ်ပေါင် တို့ရဲ့ ကြိမ်လုံးစာပါမိနေရတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၄
၁၁-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး