Sherlock ဦးရှံစား မဟုတ်ပါ

ကျန်းမာရေးမေးကြသူတွေ ကျွန်တော့်ကို မျက်မမြင်ပုဏ္ဏားတယောက်လို သဘောထားပါလို့ ရေးထားတယ်။ မေးတဲ့သူကို ကျွန်တော်က မမြင်ရပါ။ တကယ်တော့ ကျွန်တော့်အဖြစ်က မျက်မမြင်ပုဏ္ဏားထက်ဆိုးတယ်။ အဲဒီပုဏ္ဏားတွေကမှ  လက်နဲ့ စမ်းလို့ ရကြသေးတာ။

စည်းစနစ်ကျကျလေးသာမေးရင် အဖြေရှာရတာ မခက်လှပါ။ အမျိုးသားလား အမျိုးသမီးလားသိတာနဲ့ ရောဂါတွေထဲက တဝက်လောက်ကို ခွဲထုတ်လို့ရပြီ။ ကလေးလို့သိရင် သုံးပုံတပုံလောက်ခွဲထုတ်နိုင်တယ်။ အသက်အပိုင်းအခြားသိရင် ပိုလွယ်လာပြီ။ တဖြည်းဖြည်းနဲ့ ရောဂါရှာဖွေရတာ ကျဉ်းကျဉ်းလာမယ်။ သူ့အရွယ်နဲ့သူသာဖြစ်တာတွေရှိတယ်။ ရေးထားပြီးသားပါ။

မေးခွန်းတဝက်လောက်က ကျွန်တော့်ကို စုံထောက်ဝတ္ထုဖတ်ခိုင်းသလို မြှုပ်ကွက်တွေနဲ့။ ဇာတ်လမ်းမဆုံးမချင်း အဓိကကျတာကို မရေးကြဘူး။ တချို့ဆို ငါ့လက်ထဲကတာဘာလဲလို့ လက်ဖြန့်မပြပဲမေးကြတယ်။ ကျွန်တော် ဘယ်သိမလဲ။

အသက်-ကျား-မ-အချက်အလက်တွေကို ၁-၂-၃ စီကာစဉ်ကာရေးရင် လျှောကနဲလျှောကနဲ အဖြေရှာလို့ရတယ်။ ကျွန်တော့်မှာ ဦးရှံစားလို မှန်ဘီးလည်း မရှိ။ အနားမှာ ဦးဒိန်ဒေါင်လည်းမပါ။

တချို့မေးခွန်းတွေက လုံးချင်းဝတ္ထု။ ဖွဲ့နွဲ့နေသေးတယ်။ သူငယ်တန်းစာရေးသလို ရိုးရိုးရှင်းရှင်းလေးသာရေးရင် ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး