Wheat allergy ဂျုံနဲ့ မတည့်ခြင်း

ဆရာ ကျွန်တော်အသက်၂၈နှစ်ပါ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ၅ လပိုင်းလောက်ကစပြီး ပေါင်မုန့်စား လိုက်တာနဲ့ ယားဘုသေးသေးလေးတွေ တကိုယ်လုံးထွက်လာပါတယ် နောက်ပိုင်းဂျုံနဲ့ပက်သက်တာ စားတာနဲ့ ယားဘုတွေက ပိုကြီးလာတယ် ၂၀၁၇ကဆို ရွှေကြည်မုန့် စားမိတာ သွေးပေါင်ထိုးကျ ပြီး နှလုံးခုန်နှုန်း ၁၆၀ ဖြစ်ပီးထဲက ဂျုံ နဲ့ပက်သက်တာ အကုန်ရှောင်လိုက်ပါတယ်ဆရာ သိချင်တာက တသက်လုံးစားလာတာ ဘာမှမဖြစ်ပဲ ကျွန်တော်အသက် ၂၆ နှစ်လောက်မှဖြစ်တာ ဘာလို့လဲဆရာ ကျေးဇူးတင်ပါတယ်။

Gluten ဂလူတင်ဓါတ်ဆိုတာ ဂျုံ၊ ဘာလီနဲ့ ရိုင်းစပါးတွေမှာပါတယ်။ Celiac disease စီးလီးယက်ရောဂါခေါ်တဲ့ ဂျုံကို အလာဂျီရသူတွေက ဒီဓါတ်ကို လုံးဝရှောင်ကြရတယ်။ စီးလီးယက်နဲ့ ဂျုံအလာဂျီနဲ့ မတူပါ။ စီးလီးယက်ရောဂါရှိသူ ကိုယ်အလေးချိန်ကျမယ်။ အန်မယ်။ ဗိုက်ကယ်နေမယ်။ ဗိုက်နာမယ်။ ဝမ်းပျက်လိုက် ချုပ်လိုက်ဖြစ်မယ်။ ဝမ်းအရောင် ပျော့မယ်။ အဆီများပြီး အနံ့ပိုဆိုးတယ်။

ဂျုံနဲ့လုပ်ထားတာစားတိုင်း မတည့်ဖြစ်မယ်။ တချို့က အနံ့ရတာနဲ့ ဖြစ်တယ်။ မတည့်သူ ဂျုံကို အမြဲရှောင်ရမယ်။ ဂျုံနဲ့လုပ်တဲ့အစားအစာတွေကများတယ်။

ဂျုံအလာဂျီမတည့်တာဖြစ်ရင် အလာဂျီဖြစ်စဉ်ရမယ်။ ယားမယ်။ ရောင်မယ်။ ပါးစပ်နဲ့ လည်ချောင်းမှာ နေမထိထိုင်မသာ ဖြစ်မယ်။ အင်ပျဉ်ထမယ်။ နှာခေါင်းပွစိပွစိဖြစ်မယ်။ ခေါင်းကိုက်မယ်။ အသက်ရှူခက်မယ်။ ပျို့အန်မယ်။ ဝမ်းလျှောမယ်။ ကြွက်တက်နိုင်တယ်။ ရှော့ခ် ရနိုင်တယ်။

အလာဂျီကုသနည်းနဲ့ ရှော့ခ်ကုသနည်းတွေအတိုင်း ကုသရမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး