Your Name နာမည်
ကျွန်တော့်မြေး ယောက်ျားလေး သုံးယောက်ရှိတယ်။ တယောက် ပင်နီ၊ တယောက် ဝိဇ္ဇာ၊ တယောက်က ပညာ။ ကနေ့ မောင်ပညာ့မွေးနေ့။ နာမည်တွေအဆုံးမှာ ဆွေ ပါတယ်။ ဒီအရပ်မှာက နာမည်ကို ၂ လုံးသာ သုံးကြလို့ တင့် ကို မထည့်တော့။ ကျွန်တော့်ကိုတော့ ကျောင်းမှာ အသက်ကြီးသူဖြစ်လို့ ရှေ့နေ မစ္စတာ နဲ့ တခါတခါ ဒေါက်တာ ထည့်ခေါ်ကြတယ်။
တကယ်လို့ တခြားတိုင်းပြည်တွေ သွားအလုပ်လုပ်ချင်သူတွေ၊ ကျောင်းတက်ချင်သူတွေ ကိုယ့်နာမည်တွေကို အင်္ဂလိပ် အသံထွက်မှာ အဆင်ပြေတာသာ ကောင်းတယ်။ ကျွန်တော့နာမည်အသံထွက်ကို အတော်သင်ပေးမှ အနီးစပ်ဆုံး ထွက်နိုင်ကြတယ်။ နာမည်ကို အရှည်ကြီးမှည့်ခေါ်တာ အတော်အဆင်မပြေပါ။
စာလုံးပေါင်းမှာ မြန်မာ-အင်္ဂလိပ်ရေးထုံးနဲ့ အဆင်မပြေတာများတယ်။ ကိုလိုနီခေတ်က ရေးထုံးရှိတယ်။ ကြာကြာသုံးခဲ့တော့ တကမ္ဘာလုံးကသိတယ်။ စစ်အစိုးရလက်ထက်မှာ ပြင်လိုက်တာတွေကို မှန်အောင်မထွက်တတ်ကြ။ ကြာရင်တော့ မသိ။ ခုထိတော့ အတော်ကြီးခက်တယ်။ မြန်မာဆိုတဲ့အသံထွက်ကအစ ခက်နေတာ။ နိုင်ငံတကာဆိုတာကလည်း ဗြိတိသျှက တမျိုး၊ အမေရိကန်က တမျိုး။ ကျွန်တော်တို့က ဦး ကို ယူ သုံးတာ အင်္ဂလိပ်က တမျိုး၊ ဂျာမန်က တမျိုး။
ကျွန်တော့်တို့ သင်ပေးနေတဲ့ အင်္ဂလိပ်စာကို ပြုပြင်သင့်ပါတယ်။ ဗမာလိုလှပေမဲ့ ဘိုလိုမလှ ဖြစ်တတ်တယ်။ နှစ်မျိုးလုံးလှတာတွေလည်းရှိတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၈

Comments
Post a Comment