အလွန်အကျွံလို့ ရေးရတယ်

တယောက်တည်းကနေ မေးပါတယ်။

ဆရာရှင့်သမီးက သွေးအားအရမ်းနည်းပါတယ် သွေးနီဥကလဲနည်းပါတယ် ရာသီလာတာများလွန်းပြီး ရာသီလာရင် အရမ်းဗိုက်အောင့်ပါတယ် သံဓါတ်အားဆေးကဘယ်ဆေးသောက်ရင်အဆင်ပြေပါလဲရှင့်

မေးနည်းစည်းကမ်းပို့လိုက်တယ်။

ဟုတ်ကဲ့ပါရှင့်

ဆရာ မ အသက် 25 ရာသီလာလျင်ဗိုက်အလွန်အကျွန်အောင့်ပါတယ်ရှင် သွေးအားလဲနည်းပါတယ်

မေးနည်းစည်းကမ်းပါ အချက်အလက်စုံ မပြောလိုသူတွေအတွက် ဘလော့လင့်ပေးထား။

လိင်-မ အသက်-၂၅ အကြောင်းအရာ ရာသီမစခင် ခေါင်းနှင့်ဝမ်းဗိုက်ပိုင်း မခံမရပ်နိုင်အောင် ကိုက်ခဲသည့်အတွက် မည်သို့ပြုလုပ်သင့်ကြောင်း အကြံပြုမှုတောင်းခံခြင်းဖြစ်ပါသည်ဆရာရှင့်

ထပ် (ထပ်) ပြောဦးမယ်။ အမျိုးသမီးတွေ ရာသီအကြောင်းမေးရင် အိမ်ထောင်ရေး (အတူနေ) သိမှသာ ဖြေတာ မှန်နိုင်တယ်။ မပြောလိုသူတွေအတွက် မေးနည်းထဲမှာ ဘလော့လင့် ပေးထားတယ်။

အလွန်အကျွံလို့ ရေးရတယ်။

ကျွံ
ကျွံကျ
စကားကျွံ
ဆင်ကျွံတရား၊
နယ်ကျွံ
အလွန်အကျွံ
ခြေကျွံ
နုန်းကျွံ
နှုတ်ကျွံ

ကျွန်
ကျွန် = အစေခံ
ကျွန်စနစ်
ကျွန်မ
ကျွန်ယုံ
ကျွန်ရင်း
ကျွန်သပေါက်
ကျွန်တော်
ကျွန်တော်မ
ကျွန်တော်မျိုး
ကျွန်ကြေး (ငွေ)
ကျွန်ရောင်းကျွန်ဝယ်
ကျွန်ုပ်
ဘုရားကျွန်
မကြားကျိုးကျွန်
မသိကျိုးကျွန်
မသိကျိုးကျွန်ပြု
အကျွန်ုပ်
ကျေးကျွန် = ငတ်မွတ်ခေါင်းပါး၍ ကျွန်ခံသောသူ
ကျောင်းကျွန်

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး