ပေါမြန်မာစာ ရပ်

မြန်မာစာကို သတ်ပုံမှန်နဲ့ရေးသားကြကြောင်းကို ရုပ်ရှင်ကားကောင်းတွေက သက်သေခံနေပါတယ်။

ဒါရိုက်တာမောင်တင်ဦးဟာ သင်္ကြန်မိုးအပြင် တခါကတဘဝ စတဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့ပါတယ်။

ရုပ်ရှင်မင်းသမီး စမ်းစမ်းအေးက လေချိုတသွေးသွေးဇာတ်ကားထဲမှာ အပျော့ဆွဲသီချင်းဆိုတယ်။
လေချိုသွေး - ရှုမဝစမ်းစမ်းအေး https://www.youtube.com/watch?v=DrKX76YcDjQ

အဲဒီ မြန်မာစာကို မှန်အောင်သာရေးသားတဲ့ခေတ်မှာ အနုပညာရှင်တွေကလည်း ဂန္တဝင်မြောက်တာတွေကို ဖန်တီးနိုင်ခဲ့ကြပါတယ်။

ခုတော့ လေချိုတစ်သွေးသွေးနဲ့ တစ်ခါကတစ်ဘဘဝတွေ ဖြစ်ကုန်ကြပြီ။ ပေါကားတွေရပ်လို့ ဖတ်ရတယ်။ ပေါမြန်မာစာလည်း ရပ်စေချင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး