အိုစာမင်းစာ

ဒီအရပ်မှာတော့ ရာသီဥတု ပြောင်းချင်သလိုလိုဖြစ်လာပြီ။ မနေညက တနေရာကအပြန် မြူတွေကျနေတာတွေ့ခဲ့ရတယ်။ ညအိပ်တော့ သိမ်းထားတဲ့စောင်အထူ ယူခြုံရတယ်။ အအေးဒဏ်မခံနိုင်တဲ့အပင်အိုးလေးတွေကိုလည်း အိမ်ထဲ သွင်းထားရတယ်။

ကနေ့မနက်လင်းတော့ နေသာတာနဲ့ အိမ်ပြင်ခဏလေးထွက်တယ်။ ပန်းပင်လေးတွေပေါ်မှာ ရေစက်လေးတွေတွေ့ရတယ်။ ပန်းစိုက်တဲ့သူကပြောပြတယ်။ ရှဥ့်ကလေးတွေက အစာတွေယူလာပြီး အပင်လေးတွေအနားကမြေကြီးထဲမှာ မျြုပ်ထားကြလို့ အပင်တွေမခံနိုင်တဲ့။ ဆောင်းရာသီနှင်းကျချိန်အတွက် အစာတွေကို ကြိုတင်စုဆောင်းထားကြတာ။

အိုစာမင်းစာ စုဆောင်းနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး