သမိုင်းဓါတ်ပုံတခု

၁၉၉ဝ ရွေးကောက်ပွဲမှာ ရွေးချယ်ခြင်းခံရပြီး ပြည်ပထွက်လာတဲ့အမတ် စုစုပေါင်း ၃၅ ယောက်ရှိပါတယ်။ ထိုင်းကို အများဆုံးရောက်သွားကြပြီး ကျွန်တော်အပါအဝင် တချို့က အိန္ဒိယကိုရောက်တယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်ကြပါတယ်။

ထိုင်းဘက်ကနေလာသူတွေနဲ့ နယူးဒေလီမှာ ဆုံကြစဉ်ကဓါတ်ပုံတခုကို မှတ်တမ်းအဖြစ်သိမ်းထားတယ်။ ပုံထဲပါ အမတ် ၉ ယောက်ထဲက ၃ ယောက် မရှိကြတော့ပါ။ ပြည်ပနိုင်ငံရေး ဆုံးပါးသွားတာလည်း ကြာပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး