ချီးမွမ်း ၇ ယောက် ကဲ့ရဲ့ ၇ ယောက်

ဆရာ Fb ပေါ်တင်ထားတဲ့ The Heir ပို့စ်မှာ (ဦးဗဆွ) ဖြစ်နေပါတယ်။ ပြင်လိုက်ပါအုံးး ဆရာ။

ကျေးဇူး။

ဟုတ်ကဲ့ပါ ဆရာ။

စာရေးထားတာမှာလည်း (း) ကျနေတာ တယောက်ကပြောလို့ ပြင်ရသေးတာ။

ဟုတ်ကဲ့ဆရာ။ ဆရာက မာန်မရှိဘူး။ လေးစားပါတယ်ဗျ။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက ဆရာ့အကြောင်း ကျနော် သိနေပါတယ်။ Fb ပေါ်က ဆရာ့စာတွေကို ကျနော် See First ယူပြီး အမြဲဖတ်ဖြစ်မှတ်ဖြစ်ပါတယ်။ ဆရာ အလုပ်များမှန်း ကျနော်သိပါတယ်။ Reply မမျှော်ပါဘူးဆရာ။

ကျေးဇူး။ အခုလေးတင် တယောက်ကတော့ ဆရာကြီးဂိုက်ဖမ်းနေတာ အမြင်ကပ်တယ်တဲ့။ Gastric Links အစာလမ်း လင့်များအောက်မှာ။ လူအမည်တော့ မှတ်ထားလေ့မရှိပါ။ ဖေ့စ်ဘွတ်မှာတော့ ချီးမွမ်း ၇ ယောက်၊ ကဲ့ရဲ့ ၇ ယောက်။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

ဤမှန်သောစကားကြောင့် ကျန်းမာရေးမေးကြသူတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး