သူငယ်တန်းကနေစရမယ်

လူးဝစ်ဗေးလ်က အခုပဲ ပြန်ရောက်ပါတယ်။ (ဆရာ) အော်ပီကျယ်နဲ့ (ကို) မင်းကိုနိုင်တို့တော့ ခရီးဆက်ကြလိမ့်ဦးမယ်။ ဧည့်ဝတ်ကျေကြသူတွေကို ကျေးဇူးတင်ပါတယ်။ အင်ဒီယာနာပုလစ်မြို့ကနေ လာခေါ်ပေးသူနှစ်ယောက်ကိုလည်း ကျေးဇူးတင်တယ်။

ဒီတိုင်းပြည်ရောက်တော့ စာပေဟောပြောပွဲနှစ်ခုကိုရောက်တယ်။ ပဌမဆုံးတခုက ဖို့ဒ်ဝိန်းမြို့မှာ။ ဟောပြောချက်တွေထက် လူအစစ်တွေမြန်မာစကားကိုဘယ်လိုပြောဆိုကြသလဲ သိချင်လို့ပါ။ ပြည်ပမှသာနေသူတွေနဲ့ နှစ်ပေါင်း ၂ဝ ကျော်နေခဲ့ရပြီး၊ ဖေ့စ်ဘွတ်မှာရေးတာတွေသာ ဖတ်နေခဲ့ရလို့ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်မှာ စကားမပီသ၊ သတ်ပုံအမှားတွေသာ ကြားနေရ၊ ဖတ်နေရလို့။ ရသတွေနားထောင်ချင်လို့ မဟုတ်ခဲ့ပါ။

ဒီတခါအပြီးမှာတော့ ကျွန်တော် ပြောဆိုရေးသားနေတာတွေကို တတန်းတက်ဖို့လိုပြီဆိုတဲ့ အသိရလာတယ်။ သတင်းတွေ၊ ဆေးတွေကို အမှန်နဲ့ အမှား၊ အတုနဲ့ အစစ်ကိုထောက်ပြတာတွေထက် ဆင်ခြင်စဉ်းစားနည်းကိုပါ ပြောရတော့မယ်။

တကယ်တော့ အဲတာဟာ သူငယ်တန်းကနေ စတင်ရမဲ့သဘောသာဖြစ်တော့ အတန်းဆင်းတာပေါ့။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး