Flu jab and Flu shot တုပ်ကွေးကာကွယ်ဆေး

အင်္ဂလန်မှာနေတဲ့ သူငယ်ချင်းက တင်ထားတယ်။ Flu jab တဲ့။ ရာသီတုပ်ကွေး ကာကွယ်ဆေး။ ကျွန်တော် အခုနေရတဲ့ အရပ်မှာ Flu shot လို့ခေါ်တယ်။ အင်္ဂလိပ်နဲ့ အမေရိကန် တချို့နေရာတွေမှာ မတူတဲ့အကြောင်းလေးတွေ ကြုံတိုင်း ရေးပါတယ်။

Jab ကို လက်သီးနဲ့ထိုးတာလို့ အသိများတယ်။ ဆတ်ကနည်းထိုးတာ။ Shot ကို ပစ်ခတ်တာလို့ သိသူများတယ်။ မြန်မာပြည်မှာ Vaccine ကာကွယ်ဆေးလို့သာသုံးတယ်။ ဘိုဖြူ ဘိုနီတွေက သူများတွေ နားလည်ရခက်အောင် အတော်လုပ်ကြတယ်။

မြန်မာပြည်မှာ လက်သီးပုံးထိုးကြတယ်။ ဗိုလ်လုပ်ချင်သူတွေကလုပ်တာ။ တောထဲတောင်ထဲမှာရော မြို့လယ်ခေါင် လမ်းမတွေပေါ်မှာရော ပစ်ခတ်တာတွေလည်းလုပ်တယ်။ အဲတာက ဗိုလ်ဖြစ်ပြီးသူတွေကလုပ်တာ။

ပြည်သူပြည်သားများ မိမိကိုယ်ကို ကာကွယ်ကြကုန်လော့။ တုပ်ကွေး။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး