IUD ကောပါးတီ မေးခွန်း

မင်္ဂလာပါဆရာရှင့် ကျွန်မအသက် ၃၂ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးက ၁နှစ် ၁လရှိပါပြီ။ 14-2-2018 တွင် IUCD copper ထည့်ခဲ့ပါသည်။ ၁ လပြည့်ပြီးနောက် ဆရာဝန်နှင့် ပြန်ပြသခဲ့သည်။ တနှစ်ပြည့်မှပြန်လာဟု ဆရာဝန်မှတ်ချက် ရေးပေးလိုက်သည်။ တလတခါ ရာသီပုံမှန်လာသည်။ ၇လပိုင်းမှစ၍ ရာသီလာတာ မမှန်တော့ပါ။ ၂ပတ်ပြည့်တာနဲ့ ရာသီပြန်လာပါသည်။ ကြာချိန် ၅ ရက်ခန့်ရှိပါသည်။ ဆရာဝန်အားပြန်ပြရာ USG ရိုက်ကြည့်ရာ IUCD အနည်းငယ် ရွေ့နေသည်ဟုပြောပါသည်။ Ranferon-12 တနေ့တကြိမ် Menoral တနေ့ ၃ကြိမ် ၂ ပတ်တိတိ သောက်ခိုင်းခဲ့ပါသည်။ တပတ်မပြည့်ခင် ရာသီပြန်လာ၍ သွားပြန်ပြရာ ထိုဆေးများအား ၂ပတ်တိတိ ထပ်သောက်ခိုင်းပါသည်။ စိုးရိမ်စရာ မလိုဟုပြောပါသည်။ သို့ပေမယ့် စိုးရိမ်မိပါသည်။ ကျွန်မမှာ ကျောင်းဆရာမတဦးဖြစ်ပြီး မြို့ထဲမှ မြို့စွန်ဘက်သို့နေ့တိုင်း ကျောင်းတတ်နေရပါသည်။ အသွားအပြန် ကားပေါ်မှာတင် အချိန် ၄ နာရီနီးပါး ကြာပါသည်။ လမ်းလည်း အလွန်ုကြမ်းပါသည်။

1. Copper IUD ကောပါးတီ မေးခွန်း https://doctortintswe.blogspot.com/2015/06/copper-iud.html
2. IUCD ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း https://doctortintswe.blogspot.com/2014/11/iucd.html
3. Missing IUD strings သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်း ရှာမတွေ့ခြင်း https://doctortintswe.blogspot.com/2015/07/missing-iud-strings.html

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး