Lawsuit တရားစွဲခံရနိုင်တယ်

ဆရာမင်္ဂလာပါရှင့့် အနှိပ်စက်တွေက ရောဂါအတော်များများကို ပျောက်စေတယ်လို့ လူပြောများနေပါတယ်။ တကယ်ပဲ အကျိုးရှိလား တကယ်ပဲ ရောဂါတွေပျောက်လားဆိုတာ သိခွင့်ရှိရင်သိချင်ပါတယ်ရှင့် အမှားပါရင်ခွင့်လွှတ်ပါနော်

ကြော်ငြာတွေကို ရေးရတာ အားနာတယ်။ ကိုယ်တိုင်သာစမ်းကြည့်ပါလေ။ ရောင်းတဲ့သူတွေရော ဝယ်ချင်သူတွေပါ မြန်မာပြည်သားတွေဖြစ်လို့ အကောင်းအဆိုးပြောရတာ တခါတခါ ဘေးကြပ်နံကြပ်ဖြစ်တယ်။ 

အလွန်ရောင်းကောင်းလှတဲ့ ကုန်ပစ္စည်း ၂ မျိုးအကြောင်းရေးမိတာ အဲဒီကုမ္ပဏီတွေရဲ့ ရှေ့နေတွေကနေ စာတွေ ရေးလာကြတယ်။ ဖေ့စ်ဘွတ်မှာတင်ထားတာ ဖြုတ်ပေးပါတဲ့။ အဲတာနဲ့ ရေးလိုစိတ်နည်းလာတယ်။ ဆောရီး။

ဒါပေမယ့် စီးပွါးရေလုပ်သူတွေ ပူပင်စရာတော့ မရှိပါ။ လူအများစုက ဆရာဝန်တွေကဘယ်လိုရေးရေး ဘယ်လိုပြောပြော ဝယ်ယူသုံးစွဲကြပါတယ်။ သုတေသနတွေ အထောက်အထားတွေနဲ့ သတိပေးစာတွေရေးနေတဲ့ ကျွန်တော့်မှာသာ တရားစွဲခံရနိုင်တယ်။ မြန်မာနိုင်ငံရဲ့အဆင့်က အဲဒီကနေ မတက်နိုင်သေးဘူး။

ပို့ပေးတဲ့ပုံတွေကို မထည့်တော့ပါ။ ရှေ့နေတွေကိုယ်စားပြုတဲ့ ကုမ္ပဏီတွေအမည်လည်း မထည့်တော့ပါ။ ထင်ကြေးနဲ့တော့ ကွန်မင့် မရေးကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး