Souvenir အမှတ်တရပစ္စည်း

လူးဝစ်ဗေးလ်မြို့သွားတော့ အမှတ်တရပစ္စည်းလေးတွေ ဝယ်ပေးလိုက်ကြတယ်။ ကျေးဇူး။ တခုကအမေရိကန်သမတတွေ အားလုံးပုံတွေပါတဲ့ အလုံးကလေး။

ကျွန်တော်တို့ဆီမှာကော့ ဘုရင်တွေဆိုရင် ကိုယ်ကြိုက်တာရွေးပြီး ရုပ်ထုတွေလုပ်ကြတယ်။ အကြိုက်မတူကြပါ။ သမတတွေပုံကို သူတို့လက်ထက်မှာတော့ ရုံးတွေရဲ့နံရံမှာ မချိတ်မနေရ။ သက်တမ်းကုန်တဲ့နောက်မှာ တချို့သမတတွေပုံက နတ်အိုးကွဲနဲ့ တင်စားလို့တောင်မရ။ နာကြည်းရွံရှာမှုတွေကိုတော့ တသက်မှာမေ့မရကြပါ။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး