Allergic Rhinitis အလာဂျီ နှာခေါင်း

မေးခွန်းတွေကို ကျော်ဖတ်နိုင်ပါတယ်။

ဆရာမင်္ဂလာပါ နာခေါင်းနဲ့ပတ်သက်တဲ့ရောဂါမေးချင်တယ် ဘယ်မာမေးရမလဲ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဟုတ်ကဲ့ဆရာ အခုကျွန်မအသက်က ၂၆ပါ မိန်းကလေးပါ ဖြစ်တာက အခုဒုတိယကိုယ်ဝန်ကစဖြစ်တာပါ ကိုယ်ဝန်က ၆လရှိပါပြီ နှာခေါင်းခနခနယားတယ် ဖုန်ဝင်လည်းမရ နှာခေါင်းထဲက အမွေးလေးတွေလည်း သိပ်မရှိတော့သလို ပါးသွားတယ်ဆရာ ပီးနီရဲနေတယ် ဘာကြောင့်ဖြစ်တာလဲ ဖြေကြားပေးပါဆရာ ဘယ်လိုဆောင်ရန်ရှောင်ရန် ဆေးဘာဆေးလိမ်းရသောက်ရမလဲ ဆရာ

Allergic Rhinitis အလာဂျီ နှာခေါင်းလင့်ပို့လိုက်တယ်။ မှာလို့ရေးရတယ်။ မာဆိုတာ မပျော့တာ။ ပြီးလို့ ရေးရတယ်။ ခဏခဏလို့ရေးရတယ်။ နဆိုတာ အတာ နတာ။

အခုရှူဆေးရှူတယ်ဆရာ ဒါပေမဲ့မသက်သာဘူး အရမ်းနေရခက်တယ် ဟချီလိုက်ရင်ဗိုက်တောင်နာတယ် ရှူဆေးရှူလို့ရရဲ့လားဆရာ ဘယ်မှာလို့ ရေးသင့်။ မာဆိုတာ မပျော့တာ။ ဟိုမှာ၊ သည်မှာ။

ဆေးနည်းတွေ အများကြီးပါတယ်။ မသင့်တာရှောင်ဘို့က အရေးကြီးတယ်။

၂။ ဆရာ သမီးအသက်က ၂၀ ပါ။ မကြာမကြာနှာပိတ်တာ နှာမွှန်တာဖြစ်ပါတယ်။ အနံ့ပြင်းပြင်းရင်၊ ဖုန်ထိရင်၊ aircon ခန်းထဲကြာကြာနေရင် နှာရည်ယို နှာချေပြီး နှာခေါင်းယားတတ်ပါတယ်။ တစ်ရှုးစနဲ့သုတ်ရင် တစ်ရှုးရဲ့အမှုန်တွေကြောင့် ထပ်ယားပါတယ်။ Allergy ဖြစ်တာလား ရိုးရိုးအအေးမိ နှာမွှန်တာလား ခွဲခြားမသိလို့ပါ။ ဆရာဝန်လည်းမပြဖူးပါ။ အိမ်မှာ ကြောင်တွေခွေးတွေနဲ့ နီးနီးကပ်ကပ်နေပါတယ်။ ပွေ့ချီနမ်းရှုံ့တာမျိုးလည်းလုပ်ပါတယ်။

၃။ မင်္ဂလာပါဆရာ။ သမီးအသက် ၂၂ပါ။ သမီးခဏခဏနာချေပါတယ်။ တခါတလေကျ နှာချေပြီးနှာစေးရင်း အိပ်ယာထဲ ဘုံးဘုံးလဲရတဲ့အထိ ဖြစ်ပါတယ်။ စဖြစ်ကာစက အသက် ၁၆ နှစ်လောက်ကပါ။ ဆရာဝန်နဲ့ပြတော့လဲ ခဏပါဘဲ သိပ်မကြာခင် ပြန်ပြန်ပြီး မကြာခဏဖြစ်ပါတယ်။ အားနည်းရင် ခဏခဏဖြစ်ပါတယ်။ ဘယ်လိုနေထိုင်သင့်လဲ၊ ဘာကြောင့် ဖြစ်တာလဲ ပြောပြပေးပါဆရာ။ ဖုန်ထူထပ်တဲ့နေရာ ဖုန်မွှန်ရင်လဲဖြစ်တယ်။ ငရုပ်သီး အခြားဓာတ်မတည့်လို့လားမသိ နှာချေပါတယ်ဆရာ။ နှာချေရင် မပြတ်တော့ဘူးဆရာ။ နာရည်တွေကျပြီး ချက်ချင်းကိုခြေကုန် လက်ပမ်းကျသွားသလိုဘဲဆရာ။

ဘုန်းဘုန်းလဲကို ပြင်လိုက်တယ်။ နာချေပီးကို ပြင်လိုက်တယ်။ နာစေးရင်းကို ပြင်လိုက်တယ်။ သိပ်မကြာခင်ပြန်ပြန်ပီးကို ပြင်လိုက်တယ်။ နာရည်ဒေကြပီးကို ပြင်လိုက်တယ်။ ခြေကုန်လက်ပမ်းကြသွားသလိုဘဲကို ပြင်လိုက်တယ်။ ကျွန်တော်က စာရေးမမှန်တာကို အလားဂျစ်ဖြစ်လို့ပါ။

၎။ မင်္ဂလာပါဆရာ အသက် ၂၁ နှစ်။ ကျား။ ဖြစ်နေတာ တနှစ်ကျော်ပါပြီ အိပ်ယာထချိန်တိုင်းနဲ့ ရေချိုးပြီးတဲ့အချိန် နောက်ပြီး ရာသီဥတုအေးတဲ့အချိန်မျိုးတွေမှာ နှာခေါင်းထိပ်အတွင်းပိုင်းက ယားလာပြီး နှာရည်ယိုပါတယ် နှာ အချိန်ကြာအောင် ချေ [ချီ] ရပါတယ်။ နှာခေါင်းကို အဝတ် ဒါမှမဟုတ် တခုခုနဲ့ ပူနွေးအောင် လုပ်လိုက်ရင် သက်သာသွားတတ်ပါတယ်။ မည်သည့်ဆရာနှင့်မျှ ပြသဖူးခဲ့ခြင်းမရှိသေးပါ ဒီလိုအခြေနေအထိ မဖြစ်ခင်ကလည်း ကျနော်ဟာ သုံးရာသီပတ်လုံး နှာရည်ထွက်ပါတယ်။ နှာရည်ထွက်တယ်ဆိုတာက နှာစေးသလို နှာရည်ယို နှာခေါင်းပိတ် အိပ်မရအောင်ဖြစ်တာမျိုးမရှိခဲ့ပါ ပုံမှန်အနေအထားဖြစ်ပြီး ကျန်းမာရေးကောင်းတယ်လို့ပြောရမှာပါ နှာရည်မထွက်တော့ရင် ဖျားတတ်ပါတယ်။ အခုပြောပြတဲ့ ရောဂါကတော့ အနေရခက်ပြီး အတော်ဒုက္ခရောက်ပါတယ်။ နေပူရင် နည်းနည်း သက်သာပြီး တခါတလေ နေပူရင်းနဲ့လည်း နှာရည်ယို နှာချေ [ချီ] နေရတတ်ပါတယ်။ ကျေးဇူးပြု၍ ဘာလုပ်သင့်သည် လုပ်ရမည်ကို စေတနာ မေတ္တာဖြင့် ပြန်လည်ဖြေကြားပေးပါဆရာ လေးစားစွာဖြင့်။

၅။ ကျွန်တော့အမျိုးသမီး နှာအရမ်းချေရပါတယ်။ ရာသီမရွေးပါဘူး။ ချေရလွန်းလို့ ခေါင်းတွေအင့်ပြီး ခံစားရဆိုးလှပါတယ်။ မန္တလေးနှာခေါင်းဆေးရုံးပြကြည့်တော့ လူတွေနဲ့မတည့်တဲ့ အလဂျစ်လို့ပြောပြီး နှာဖြန်းဆေးပေးပြီး ရေရှူခိုင်းတာလဲ မသက်သာပါဘူးဆရာ။ ဆေးလေးညွှန်ကြားပေးပါဦးဆရာ။

၆။ ဆရာခင်ဗျ ကျွန်တော့က ရန်ကုန်ကပါ။ အသက်ကတော့ ၂၈ ပါ၊ အိမ်ထောင်ရှိပါတယ်။ နာချေတာ လွန်ကဲနေလို့ပါ။ တခါတလေ မနက်နိုးပြီး ၂ မိနစ်လောက်ဆို နာချေတဲ့အကြိမ်ရေက ၅ ခါထက်မနည်းပါဘူး။ နေ့လည်လဲခဏခဏ နှာချေ ပါတယ်။ လုပ်တဲ့အလုပ်က Beauty salon ဖြစ်တော့ ဒါလုပ်တာ ၈ နှစ်ကျော်ပါပြီ၊ ဆိုးဆေးအနံ့တွေကြောင့် များလား။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က air con အအေးက ခေါင်းဘက်တည်ပြီး အိပ်မိသလိုဖြစ်ပါသေးတယ်။ ၁နှစ်ကျော်ကျော် လောက်ကို အဲလိုအိပ်တာပါ၊ အဲဒါကြောင့်လား။ မေးခွန်းမေးပုံလိုအပ်ရင် ခွင့်လွှတ်ပါဆရာ။

ဒွါရခြောက်ပေါက်နဲ့ အာရုံခြောက်ပါး၊ ကာမဂုဏ်တရားတွေထဲက နှာခေါင်းက ဂန္ဓာရုံဆိုတဲ့ အနံ့တွေကိုပြတဲ့လက္ခဏာလို့ ဆိုပါတယ်။ ဆေးပညာမှာတော့ နှာခေါင်းကဖြစ်စေတဲ့ ရောဂါတွေထဲမှာ အနံ့ကိုကောင်းကောင်းမသိတာ ရောဂါဖြစ်သလို၊ အနံ့မတည့်တာလဲ ရောဂါဘဲ။ ယားတာ၊ အရေပြားမှာ နီရဲလာတာမျိုးကို အလာဂျီလို့ခေါ်တယ်။ အခြေခံလက္ခဏာ အမှန်ပါ။ နှာခေါင်းမှာ လက္ခဏာတွေပေါ်နေတာကို Allergic rhinitis အလာဂျီနှာခေါင်းရောင်ခြင်းလို့ခေါ်တယ်။ Pollenosis နဲ့ Hay fever လို့ပါခေါ်သေးတယ်။ Pollen ဝတ်မှုန်ဝတ်ဆံတွေကြောင့်ဖြစ်ရတာပါ။

အလာဂျီဖြစ်စေတဲ့အရာကို အလာဂျင်ခေါ်တယ်။ ဒါမျိုးကိုယ်ထဲဝင်လာရင် ခန္ဓာကိုယ်ကနေ အင်တီဘော်ဒီဆိုတာ ထွက်လာစေတယ်။ အင်တီဘော်ဒီကနေ မတ်စ်ဆဲလ်ဆိုတဲ့ သွေးဖြူဥကို သွားပေါင်းလိုက်တဲ့အခါ ဟစ်တမင်းဓါတ် ထွက်လာစေတယ်။ ဟစ်တမင်း ကြောင့် ယားတာ၊ ရဲတာ၊ ရောင်တာတွေ ဖြစ်လာရတယ်။ ဖြစ်တာ တခါနဲ့တခါ မတူတတ်ပါ။ အဖုအပိန့်တွေ ထွက်မယ်။ တချို့မှာ မျက်ခွံရောင်မယ်။ နားအပြင် နှာခေါင်းမှာပါလာဖြစ်တယ်။ အစားနဲ့ မတည့်သူဆိုရင် လည်ချောင်းမှာလာဖြစ်လို့ နှာချေပြီး၊ ယားတာ၊ ရောင်တာဖြစ်လာမယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာနဲ့ ဆင်တူပေမဲ့ ဒီဟာပိုကြာရှည်ပြီး ဥတုရာသီလိုက် ဖြစ်တတ်တယ်။ အဖြစ်များတယ်။ မျိုးနဲ့ရိုးနဲ့လဲ ဖြစ်တတ်တယ်။ ပတ်ဝန်းကျင်နဲ့ မသင့်တာလည်းပါတာပေါ့။ အမျိုးအစား ၂ မျိုးခွဲနိုင်တယ်။ ဥတုကြောင့်ဖြစ်တာနဲ့ ဥတုမရွေးဖြစ်တာ။ ကံဆိုးသူတွေမှာ နှစ်မျိုးလုံး တွဲနေတတ်သေးတယ်။ တချို့ဆိုရင် နာတာရှည်ရောဂါအနာနဲ့ပါ တွဲနေတတ်တယ်။ ဥပမာ နှင်းခူနာ၊ ပန်းနာ၊ မိုင်ဂရင်း၊ စိတ်ကျရောဂါ။

Rhinitis ဆိုတာ နှာခေါင်းထဲက အရာတွေရောင်တာ။ နှာရည်ယိုတာကနေစသိရတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မသင့်တာတခုခုကြောင့် ရက်တို ဒါမှမဟုတ် နာတာရှည်ဖြစ်တယ်။ နှာခေါင်းထဲက နှာရည်-နှပ်တွေ ပိုထွက်လာတယ်။ နှာခေါင်းနေရာတခုတည်းမဟုတ်ဘဲ လည်ချောင်း၊ မျက်စိတွေမှာပါ သက်ရောက်စေတယ်။ အအိပ်ပျက်တာ၊ နားဖြစ်တာတွေ ဆက်ဖြစ်လာနိုင်တယ်။

(၁) ဗက်တီးရီးယား၊ ဗိုင်းရပ်စ်ဝင်တာ၊ ရက်တိုနဲ့ ရက်ရှည်ရောင်တာ၊

(၂) Vasomotor rhinitis အလာဂျီမဟုတ်တာ၊ ဆေး၊ ဟော်မုန်း၊ ရောဂါပြီးစနစ်၊ အဖုံးလွှာခြောက်သွေ့လို့၊ အစားအသောက်၊ အရက်မတည့်လို့နဲ့ အလာဂျီဆေးသုံးတာ သိပ်ကြာရာကနေဖြစ်တာ၊

(၃) Allergic rhinitis အလာဂျီကြောင့်ဖြစ်တာ၊ ပန်းဝတ်မှုံ၊ ဖုံ၊ မှို၊ မြက်၊ တိရစ္ဆာန်၊ ပိုးဟပ်၊ စတာတွေနဲ့ မတည့်လို့ ဖြစ်တယ်။

ဆေးအမျိုးအစား ၃ မျိုး အားကိုးနိုင်ပါတယ်။ အင်တီ-ဟစ်တမင်း၊ စတီရွိုက်၊ ဒီကွန်ဂျက်စ်တင့် ဆေး။ ၃ မျိုးလုံး လိုနိုင်တယ်။ အိမ်မှာသုံး၊ ခရီးသွားဆောင်ထားဘို့အတွက် ဆေးတွေနဲ့ အရေးပေါ်ဖြစ်လို့ ကုပေးရတဲ့ ဆေးတွေလည်း ရှိတယ်။ ဗမာပြည်မှာ Chlorpheniramine ဘာမီတွန်လို စားဆေး၊ ထိုးဆေး လူတိုင်းလိုလိုသိတယ်။ အိပ်ချင်စေတယ်။ နောက်ပေါ် Cetirizine ကို ဆောင်ထားပါ။ 5 mg, 10 mg ဆိုပြီးလာတယ်။ တနေ့ ၁ ပြားရတယ်။ ကလေးဆို အလေးချိန်အလိုက် တဝက်၊ လေးပုံတပုံပေးပါ။ ဒီဆေးက သိပ်မအိပ်ချင်ဘူး၊ ပိုထိရောက်တယ်။

အင်တီဟစ်တမင်းဆေးဆိုတာ ခန္ဓာကိုယ်ကနေ သူနဲ့မတည့်တာကို တုံ့ပြန်လို့ဖြစ်ရတဲ့ လက္ခဏာတွေကို ပြောင်းပြန် ဖြစ်အောက် လုပ်ပေးတာမို့၊ ခန္ဓာကိုယ်အလိုကို ဆန့်ကျင်စေတာ ဖြစ်နေတယ်။ အကြာကြီးသောက်ရတာ ဘေးထွက်-ဆိုးကျိုးတွေ များစေမယ်။

စတီရွိုက်ဆေးက ချက်ချင်းဆိုသလိုသက်သာမယ်။ ဒါပေမဲ့ အလွယ်မသုံးသင့်ဘူး။ သူပါမှရမှာမျိုးကိုတော့ မပေးလို့ မဖြစ်ဘူး။ နှာခေါင်း၊ မျက်စိ၊ အရေပြားမှာဖြစ်တာတွေအတွက် လိမ်းဆေး၊ ထည့်ဆေးတွေရှိတယ်။ တကိုယ်လုံးကို သက်ရောက်စေချင်ရင် စားဆေးပေးတယ်။ ကော်တီဇုံးထဲက အများဆုံးပေးတတ်ပြီး ဝယ်လို့လည်း လွယ်တာက Prednisolone ဖြစ်တယ်။ အရမ်းတော့ မသောက်ရပါ။ အင်တီဟစ်တမင်းဆေးတွေပေးနေရင်း မသက်သာမှ တွဲပေးတယ်။ ပေးရင်လဲ ဆေးကို များများပေးရာကနေ တဖြည်းဖြည်း လျှော့လျှော့ပေးရတယ်။

ပန်းဖြန်းဆေးတွေကလည်း အင်တီဟစ်တမင်း၊ စတီရွိုက်၊ ဆားရည်၊ ဒီကွန်ဂျက်စတင့် အမျိုးမျိုးရှိတယ်။ ဒီကွန်ဂျက်စတင့် ဆိုတာက အလာဂျင်ကြောင့် သွေးကြောလေးတွေကျဉ်းနေလို့ သွေးတွေဖေါင်းများနေတာကို လျှော့အောင် လုပ်ပေးတဲ့ဆေးပါ။ မျက်စဉ်း၊ နှာခေါင်းထဲ ပန်းဆေးတွေလည်းရှိတယ်။ သွေးတိုး ရှိရင် သတိထားရတယ်။ အင်တီဟစ်တမင်းနဲ့ ပြောင်းပြန်ဖြစ်တာက အအိပ်ပျက်စေတတ်တယ်။

အလာဂျီရတာနဲ့ တဆက်တည်းဖြစ်လာရတဲ့ နှာခါင်းထဲမှာအလုံးဖြစ်တာ ဆိုင်းနပ်စ်ဖြစ်တာရှိနေရင် သူ့ကိုပါ ကုရပါလိမ့်မယ်။ မတည့်တာကိုသိလို့၊ ဒါကို ယဉ်ပါးအောင်လုပ်တဲ့ အင်မတန်ကရိကထများတဲ့ Desensitization နည်းလည်း လုပ်နိုင်ပါတယ်။ ဆေးကုရတာရဲ့ရည်ရွယ်ချက်က ရောဂါရဲ့လက္ခဏာတွေသက်သာအောင်က များပါတယ်။ အမှန်က မဖြစ်အောင်လုပ်မှ မဖြစ်မှာမဟုတ်လား။ မဖြစ်အောင်က ဖြစ်စေတာကို ရှောင်ရမယ်။ ပြောတော့လွယ်၊ လုပ်တာခက်ဆိုတဲ့အစားထဲပါတယ်။ အခုနေတဲ့နေရာ၊ ပတ်ဝန်းကျင်ကနေ ပြောင်းနေတာမျိုး၊ လက်ရှိအလုပ်ကနေ ပြောင်းလုပ်တာမျိုး။ မိသားစုလိုက် ဖြစ်နေတာကို သူတို့နေအိမ်မှာ သူတို့နဲ့ မတည့်တဲ့အရာတခုခု ခိုအောင်းနေတာမို့ အိမ်ပြောင်းနိုင်ရင် ပြောင်းရမယ်။ အိမ်သန့်ရှင်းရေးကို အမှုံအမွှားတွေထွက်စေပြီး နေရောင်နဲ့ လေသန့် ဝင်အောင် စီမံသင့်တယ်။ နှာခေါင်းစည်းသုံးတာမျိုး။ သီးသန့် နေစေတာမျိုး။

Antihistamines ဆေးတွေဟာ ခဏသာ သက်သာစေပေမဲ့ မြန်မြန် သက်သာစေပါတယ်။
• Brompheniramine or Chlorpheniramine 4 mg ကို ၆-၈ နာရီတခါသောက်ပါ၊ သို့မဟုတ်
• Clemastine 1.34–2.68 mg တနေ့ ၂ ကြိမ်၊ သို့မဟုတ်
• Loratadine 10 mg တနေ့ ၁ ကြိမ်၊ သို့မဟုတ်
• Cetirizine 10 mg တနေ့ ၁ ကြိမ်၊ နဲနဲသာအိပ်ချင်၊ သို့မဟုတ်
• Fexofenadine 60 mg တနေ့ ၁-၂ ကြိမ်၊ မအိပ်ချင်၊ သို့မဟုတ်
• Desloratadine 5 mg တနေ့ ၁ ကြိမ်၊ နဲနဲသာအိပ်ချင်၊ သို့မဟုတ်
• Ebastine 10–20 mg တနေ့ ၁ ကြိမ်၊ သို့မဟုတ်
• Misolastine 10 mg တနေ့ ၁ ကြိမ်။

နှာခေါင်းထဲ ပန်းရတဲ့ဆေးက ပိုထိရောက်တယ်။
• Levocabastine 0.2 mg တနေ့ ၂ ကြိမ်၊ + Azelastine နှာခေါင်းတဖက်မှာ 1.1 mg/d နှာခေါင်းထဲ ၂ ခါပန်းရတဲ့ဆေး။
• Beclomethasone 42 mcg/spray တနေ့ ၂ ကြိမ်၊ သို့မဟုတ်
• Flunisolide 25 mcg/spray တနေ့ ၂ ကြိမ်၊ သို့မဟုတ်
• Mometasone furoate 200 mcg တနေ့ ၁ ကြိမ်၊ သို့မဟုတ်
• Budesonide 100 mcg တနေ့ ၂ ကြိမ်၊ သို့မဟုတ်
• Fluticasone propionate Avamys nasal spray 200 mcg တနေ့ ၁ ကြိမ်၊ သို့မဟုတ်
• Montelukast 10 mg တနေ့ ၁ ကြိမ်၊ သူ့ချည်းဖြစ်ဖြစ် Cetirizine 10 mg သို့ Loratadine 10 mg နဲ့ဖြစ်ဖြစ် တွဲပါ။
• Brompheniramine dimetane 4mg ၄-၆ နာရီခြား၊ သို့မဟုတ်
• Clemestine travegyl 0.5mg ၁၂ နာရီခြား၊ သို့မဟုတ်
• Diphenhydramine benadryl 25-50mg ၄-၆ နာရီခြား။ သို့မဟုတ်
• Cetirizinezyrtec 10 mg တနေ့ ၁ ကြိမ်၊ သို့မဟုတ်
• Loratadine Clarityne 10 mg တနေ့ ၁ ကြိမ်၊ သို့မဟုတ်
• Fexofenaline Telfast 60mg တနေ့ ၂ ကြိမ်၊ 120 mg တနေ့ ၁ ကြိမ်၊ သို့မဟုတ်
• Pseudoephedrine Maxiphed 30-60 mg ၄-၆ နာရီခြား၊ သို့မဟုတ်
• Tripolidine/Pseudoephedine Actifed ၃ ကြိမ်သေက်ပါ။

နှာခေါင်းထဲထည့် နှာရည်ယိုသက်သာဆေးတွေ
• Oxymetazoline Afrin, Sinarest ၁-၂ စက်၊ ၄ နာရီ ၁ ခါ။ သို့မဟုတ်
• Tymazoline Pernazine ၂-၃ စက်၊ ၄ နာရီတခါ။ သို့မဟုတ်
• နှာခေါင်းထဲထည့်ရတဲ့ အင်တီ-ဟစ်တမင်း ဆေးတွေ သို့မဟုတ်
• Azelastine Azep တခါသုံး ၂ ချက်ပန်း၊ တနေ့ ၂ ခါ။ သို့မဟုတ်
• Levocabastine Livostin တခါသုံး ၂ ချက်ပန်း၊ တနေ့ ၂ ခါထည့်ပါ။

နှာခေါင်းထဲထည့်ရတဲ့ စတီရွိုက်ဆေးတွေ
• Beclomethasone aqueous Beconase AQ တခါသုံး ၂-၄ ချက်ပန်း၊ တနေ့ ၂-၄ ခါ။
• Busesonide aqueous Rhinocorts တခါသုံး ၂-၄ ချက်ပန်း၊ တနေ့ ၁-၂ ခါ။ သို့မဟုတ်
• Fluticasone aqueous Flixonase တခါသုံး ၁-၂ ချက်ပန်း၊ တနေ့ ၁ ခါ။ သို့မဟုတ်
• Triamcinolone aqueous Nasacort, Nasacort aq တခါသုံး ၂ ချက်ပန်း၊ တနေ့ ၁ ခါ။ သို့မဟုတ်
• Mometasome aqueous Nasonex တခါသုံး ၂ ချက်ပန်း၊ တနေ့ ၁ ခါ။ သို့မဟုတ်
• Cromolyns sodium တခါသုံး ၁ ချက်ပန်း၊ တနေ့ ၂-၆ ခါ။ သို့မဟုတ်
• Ipratropium bromide Atrovent 0.03% တခါသုံး ၂ ချက်ပန်း၊ တနေ့ ၂-၃ ခါထည့်ပါ။

မတည့်သူ၊ မချစ်ခင်မနှစ်သက်သူနှင့် အတူနေရခြင်းဆင်းရဲက လွန်မြောက်နိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး