BI-RADS ရင်သား မင်မိုဂရမ်အဖြေ


ဒေါက်တာတင့်ဆွေ နေကောင်းကျန်းမာပါစေလို့ အရင်ဆုံး နုတ်ဆက်လိုက်ပါတယ်။ ကျမလည်း နေကောင်း ကျန်းမာပါတယ်ရှင်။ ဒေါက်တာကို နောက်တခါပြန်ပြီး အကြံတောင်းပါရစေရှင်။ ကျမ သူငယ်ချင်းတယောက် အသက် ၄၂ နှစ်ရှိပြီ သူက အစမှာ နောက်ဖခုံးမှာ နာတယ်ဆိုပြီး အနှိပ်သည်နဲ့ နှိပ်ပါတယ်။ သက်သာပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြန်ပြန်နာလာတယ်။ အခုနောက်ပိုင်း ဘယ်ဘက် ရင်သားမှာတခါတလေ စူးစူးပြီး နာတယ်ဆိုပြီး ဘာဘဲ ဖြစ်ဖြစ် ရင်သား ဆေးစစ်ကြည့်မယ်ဆိုပြီး ဒီလ အောက်တိုဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်က ဆေးရုံတခုမှာ ရင်သား ကို mammogram နဲ့ စစ်ကြည့်ပါတယ်။ ဒီအောက်က အဖြေလွာထွက်လာပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေကို ရှင်းပြမဲ့ ဆရာဝန်နဲ့က နောက်ရက် ချိန်းထားပါတယ်။ မတွေ့ဖြစ်သေးပါဘူး။  စစ်ပေးတဲ့နေ့က ဆရာဝန်က စိုးရိမ်စရာမရှိပါဘူး။  ရင်သား နှစ်ဖက်စလုံးမှာ အရွယ်သေးသေးလေး ရေအိတ်ပါဘဲဆိုတာဘဲ ပြောတယ်။  ဆေးစာတွေ အရ အဓါယ်တွေ မသိလို့ ဒေါက်တာ ဆီက အကြံတောင်းချင်ပါတယ်ရှင်။ ဒီလို့ဖြစ်တာက စိုးရိမ်ရလား။ ဘယ်လို ကုသလို့ရတယ်ဆိုတာ တွေပါ အကြံပြုပေးပါ။ အဖြေလွာကို အောက်မှာ အတခ့်ျဖိုင်နဲ့ ပို့လိုက်ပါတယ်။ လေးစားစွာဖြင့်

ကင်ဆာ မတွေ့။ တနှစ်တကြိမ်စစ်ဆေးပါ။

ရင်သားကင်ဆာ လမ်းညွှန်ဟောင်း = အသက် ၄ဝ ကျော်ရင် အမျိုးသမီးတိုင်း Memogram နှစ်စဉ်ရိုက်ပါ။
ရင်သားကင်ဆာ လမ်းညွှန်သစ် = ၂ဝဝ၉ ကစပြီး USPSTF အဆိုအရ အသက် ၅ဝ ကနေစပြီး Memogram ရိုက်ပါ။ ACS အဆိုအရ အရင်လမ်းညွှန်အတိုင်းသာလုပ်ပါ။ မိသားစုမှာ ရင်သားကင်ဆာရာဇဝင်ရှိသူတိုင်း ဆရာဝန်နဲ့ဆွေးနွေးပါ။

ဆေးစာပါ BI-RADS score ဆိုတာ Breast Imaging Reporting and Database System score ရင်သားစစ်ဆေးခြင်းစံနစ်ကို ခေါ်တယ်။ American College of Radiology ကနေတီထွင်ထားတာဖြစ်တယ်။ Magnetic Resonance Imaging (MRI) နဲ့ breast ultrasound စစ်ဆေးနည်းတွေကိုအသုံးပြုတယ်။

Category 0 = စစ်ဆေးခြင်းမပြည့်စုံ

Category 1 = ကင်ဆာမရှိ၊ သိပ်သည်းမှု ပုံမှန်။

Category 2 = ပုံမှန်။ ကင်ဆာမရတွေ့။ တချို့ကို ပုံမှန်ပြန်စစ်ဘို့ အကြံပြုမယ်။ မေးခွန်းပါလူနာအဖြေ။

Category 3 = ပုံမှန်ဖြစ်နိုင်။ ၂% တော့ ကင်ဆာအလားအလာရှိ။ ၆ လတကြိမ် ထပ်စစ်ပါ။

Category 4 = ပုံမှန်မဟုတ်တာတွေ့ရှိ။ ၂၀% ကနေ ၃၄% ကင်ဆာဖြစ်လမ်းရှိ။ ဘိုအော့ပစီလုပ်မယ်။ 4A အေ၊ 4B ဘီနဲ့ 4C စီလို့ထပ်ခွဲသေးတယ်။

Category 5 = ကင်ဆာသံသယရှိ။ ၉၅% ကင်ဆာဖြစ်နိုင်။ ဘိုအော့ပစီ သေချာပေါက်လုပ်ရမယ်။

Category 6 = ဘိုင်အော့်ပစီလည်းစစ်ပြီး၊ ရင်သားကင်ဆာ

ဒေါက်တာတင့်ဆွေ
၃၀-၁၀-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး