အသည်း နှင့် အသဲ

မင်္ဂလာပါဆရာ မြန်မာစာတွေ တော်တော်များများမှာ အသဲကွဲနေတယ် ဆိုတာလေးပါ ကျွန်တော်လည်း အစကအဲသလိုဘဲ ရေးမိပါတယ် ဒါပေမယ့် သေချာပြန်စဉ်းစားမိတော့ အသဲ VS အသည်း သေချာမသိဘူး ဖြစ်နေတယ် အသည်းရောင်အသားဝါဆေး အသည်းအားတိုးဆေးလို့ သုံးတာတွေကအမှန်လို့လဲ သိပါတယ် ဒါပေမယ့် အခု့လူငယ်တွေကြားမှာ အသဲကွဲပြီလို့ဘဲ ရေးကြတာများနေလို့  အသဲကွဲပြီလို့ ရေးတာနဲ့ အသည်းကွဲပြီလို့ ရေးတာနဲ့ ဘယ်ဟာက အမှန်ပါလဲဆရာ ရှင်းပြပေးစေလိုပါတယ်။

ကျွန်တော်အရင်က အသဲလို့ရေးတယ်။ အသည်းရောဂါများစာအုပ်ထုတ်တော့ လိုက်ပြင်ရတယ်။ ငယ်ငယ်ကကြည့်ရတဲ့ ရုပ်ရှင်ကားတခုအမည်စာတမ်းကို အခုပဲတွေ့တယ်။ ရုပ်ရှင်အမည်က နှစ်မွှာအသဲ။ မွှာလို့တော့ သတ်ပုံစာမှာ မရှိပါ။ အမြွာသာပါတယ်။ အရင်ခေတ်မှာလည်း သတ်ပုံလွဲမှားတာတွေရှိပါတယ်။ ပြင်ကြရင်းတဲ့ မှန်လာတယ်။ စစ်အစိုးရခေတ်မှာ အမှန်ကိုပြင်ခိုင်းတော့ မှားကုန်တယ်။

သည်း
ကသည်းလူမျိုး
စွန်မလက်သည်း
ဖိနပ်သည်းကြိုး
မိုးသည်းထန်
ရင်နှစ်သည်းချာ
လက်သည်းခြေသည်း
သည်းခံ
သည်းချာ = သည်းချား = သည်းခေါင် = သည်းညှာ = သည်းအူ = သားသမီး
သည်းညည်းခံ
သည်းညှာ
သည်းထန်စွာ
သည်းအူ (သားသမီး)
သည်းခြေရောဂါ
သည်းခြေကြိုက်
သိပ်သည်းဆ
သိပ်သိပ်သည်းသည်း
အသည်းအထန်
အသည်းအသန်
အသည်းရောင်ရောဂါ
အသည်းနှလုံး
စေ့မြေ့သိပ်သည်း ရွေ့ရွေ့ဆည်းလော့

သဲ
ကျီးသဲဆရာတော်
မသဲပါနှင့်
ခြမ့်ခြိမ့်သဲသဲ
သဲကနဲကြားသည်
သဲကုန်းမြို့
သဲခင်းသည်
သဲစုမက
သဲဆည်ရွာ
သဲပလုပ်
သဲဖြူးသည်
သဲဖြူခင်း ရာဇမှတ်ကာ
သဲလုံးအမျှ
သဲလွန်စ
သဲသာသောင်မြေ
သဲသဲကွဲကွဲ
သဲသဲကျားကျား = ဆူဆူညံညံ အုတ်အုတ်ကျက်ကျက်
သဲသဲချိမ့်ညံ
သဲသဲတုန်သည်
သဲသဲမဲမဲ
သဲသဲခြိမ့်ညံ။
သဲသဲရုတ်ရုတ်
သဲသဲအုတ်အုတ်
သဲသောင်
ကျော်သဲ = ဇမ္မူ

စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော် (လော့)၊ စရည်အိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ (လောကသာရပျို့)

စကားပြောကောင်းသော မသည်းအူသီချင်းဟာ မိန်းကလေးတယောက် နာမည်အနေနဲ့ ရေးတာဖြစ်ပါမယ်။ အမှန်က သားသမီးလို့ အဓိပ္ပါယ်ရပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး