ဆုတောင်းခြင်းအမှု

ကန်တော့သူတွေလာတိုင်း ဆုတောင်းတဲ့တာဝန်ကို ဒေါ်မြမြအေးကသာယူပါတယ်။ ကျွန်တော်က ဆုမပေးတာတော့ မဟုတ်ပါ။ စာရေးရာမှာလည်း သာဓုလို့ထည့်ရေးလေ့မရှိပါ။ ကောင်းလေစွလို့ မပြောတာတော့ မဟုတ်ပါ။

ဤရောဂါမှ အညှာမှည့်ကြွေ
ဖြစ်သောထွေလျှင် ကွေကွေကွင်းကွင်း
ရှင်းရှင်းသန့်သန့် ညွန့်ညွန့်သားသား
ဖါးဖါးစိမ်းစိမ်း ရှိန်းရှိန်းလတ်လတ်
လွတ်လတံ့နည်း အနာသည်း၍
တညည်းတွားတွား ဆိုများတုံတုံ
တစုံမက်မက် တသက်လုံးလုံး
မဆုံးစကောင်း ပန်နက်တောင်း၏။ (သုဝဏ္ဏသျှမ်ပျို့)

ကျွန်တော်တို့နှစ်ယောက် ပုံထဲကထက် ၂ နှစ်တိတိပိုပြီး အိုစာလာကြပြီ။

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၈

ပုထုဇဉ်

သီတင်းကျွတ်လပြည့်နေ့ဝန်းကျင်မှာ မြန်မာ့ရိုးရာအစဉ်အလာအရ မိဘနဲ့ဆရာဆရာမတွေကို ကန်တော့ကြတယ်။ အကန်တော့ခံသူတွေလည်း ငယ်စဉ်ရွယ်စဉ်က သူတို့မိဘဆရာတွေကို ကန်တော့ခဲ့ကြမယ်။ စဉ်ဆက်မပြတ်စေတဲ့ ယဉ်ကျေးမှုဖြစ်တယ်။ ကောင်းတယ်။

အဲဒီယဉ်ကျေးမှုကို နိုင်ငံရေးလုပ်ကြတာမှားတယ်။ လက်အုပ်ချီခံထိုက်သူလူတန်းစားဖြစ်လာတယ်။ ဘုရားထဲကျောင်းထဲ ဖိနပ်စီးခွင့်ရသူလူတန်းစားဖြစ်လာတယ်။ ဘုန်ကြီး ပြန်မပြောမော့မကြည့်ရဲတဲ့ အစဉ်အလာကနေ တချိုတလေက ဆဲရေး တိုင်းထွာလာကြတယ်။

• ဆရာ-ဆရာမတို့သည် အာစရိယဖြစ်ကြကုန်၏။
• ဘုန်းကြီးရဟန်းတို့သည် သံဃာဖြစ်ကြကုန်၏။
• ဒါယကာ ဒါယိကာမတို့သည် ပုထုဇဉ်ဖြစ်ကြကုန်၏။
• အကန်တော့ခံများလည်း ပုထုဇဉ်ဖြစ်ကြကုန်၏။
• ကန်တော့ခံထိုက်သူတွေ စင်ကြယ်လေလေ ကန်တော့သူတွေ ကုသိုလ်ကြီးလေလေ။

ခေတ်နဲ့ညီတာ ထပ်ဖြည့်ပါရစေ။ ကန်တော်ခံသူတွေ လိမ္မာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၆
၁၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး