ဆောင်းအမီ ဟုတ်ကဲ့ ပြင်လိုက်ပါပြီ

ကျွန်တော်က မှားတာတွေ့ရင် အချိန်ရသလောက် ပို့စ်အဖြစ်တင်ပါတယ်။ မှားနေတဲ့ပို့စ်အောက်က ကွန်မင့်ကနေ ပြင်ပေးတာက နည်းတယ်။ အခြေအနေကြည့်ပြီးမှသာ ကွန်မင့်ရေးပါတယ်။ တချို့ကမကြိုက်ကြပါ။ ပြင်ပေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံသူတချို့လည်းရှိတယ်။

ဆောင်းအမီ

ဟုတ်ကဲ့ ပြင်လိုက်ပါပြီ။ ကျေးဇူးပါဆရာရှင့်။

ကျွန်တော် စာရိုက်ကျနေရစ်တာသာမက မှားရေးတာကို ထောက်ပြပြင်ပေးသူတွေရှိတယ်။ တွေ့တာနဲ့ ချက်ချင်း လိုက်ပြင်ပါတယ်။ ကျေးဇူးလို့လည်းရေးပါတယ်။ ကျွန်တော်ပြင်စရာနေရာက ၇ နေရာရှိတာ။ ဖေ့စ်ဘွတ်က ၂ ခု၊ ပေ့ခ်ျက ၃ ခု၊ ဘလော့တခုနဲ့ သိမ်းထားတဲ့ဖိုင်။

ဆုံးမရလွယ်ကူသောပုဂ္ဂိုလ်ဆိုတာ ဘုရားလက်ထက်ကတည်းက စကားဖြစ်ပါတယ်။

ကျွန်တော်ငယ်ငယ်လေးက ပျက်အစဉ် ပြင်ခဏဆိုတဲ့ ကာတွန်းပညာပေးဖတ်ရကတည်းက စွဲမှတ်နာယူပါတယ်။

ကျွန်တော်ရေးတာတွေက အတော်များတယ်။ အမှားတွေပါနေမယ်။ စာအဟောင်းတွေမှာ အမှားတွေပိုပါတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၁-၁၀-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး