အလွန်တရာ ကျေးဇူးတင်ပါသည်

မြန်မာစာသတ်ပုံမှန်တောတွေ့ရင် ပျော်မိတယ်။ ထပ်တွေ့ပါတယ်။

1. ကျမက နိုင်ငံခြားမှာ အိမ်ဖော်လုပ်ပါတယ် တနေကုန် အလုပ်လုပ်ရပါတယ်။ ပင်ပန်းပါတယ်၊ တခါတလေ နှိပ်စက်ခံရပါတယ့့်

2. ပါချုပ်ဆရာတော်ကြီးဟောတဲ့တရားထဲမှာ တနှစ်ပြည့်လို့နောက်တနှစ်ကူးပြီးဆိုတာနဲ့ကိုယ်ရဲ့နုပျို မှုတွေ ကိုယ်ရဲ့ခွန်အားတွေဟာကုန်ဆုံးလိုက်လာပြီဆိုတာကို

3. အ ညာ စောင် လေး တ ထည်

နောက်ပို့စ်တခုကတော့ - ဗိုလ်တစ်ထောင် ဘုရား

ဗိုလ်တစ်ထောင်ဘုရားလို့ ရှိပါသလား။ ဘယ်မှာပါလဲ။

မှားသွားပါတယ်ဆရာ ပြင်လိုက်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်

မှားနေတာသိလို့ပြင်တာနဲ့ မှန်သွားတယ်။ မှားမှန်းမသိတာက တသက်လုံး အမှားနဲ့နေသွားရတော့တယ်။ ကျွန်တော်လ်ညး အမှားမပါတာ ရှားတယ်။ ထောက်ပြပေးသူတွေကို အလွန်တရာကျေးဇူးတင်တယ်။

ပေတရာဆီလျှောက်ပါလို့ မြင်သလောက်ပြလိုက်ချင်ပါသည့့်

အင်မတန်ကျေးဇူးတင်ပါသည် အလွန်တရာကျေးဇူးတင်ပါသည့့်

တုံးကျော်မ - မာမာအေး https://www.youtube.com/watch?v=qQgIrF4vHWg

ပေတစ်ရာ မဟုတ်။ အလွန်တစ်ရာ မဟုတ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး