မီးကို စာဖွဲ့ချင်သလို ဖြစ်လာတယ်

သူငယ်ချင်းတို့နှစ်ယောက် သစ်ပင်ကြီးတွေအောက်မှာ ထင်းမီးလှုံနေကြတဲ့ပုံတွေ့တော့ မီးကို စာဖွဲ့ချင်သလို ဖြစ်လာရော။

ရှင့်ပင့်စတေ၊ ခုနှစ်နေတိ၊ မီး ရေ လေဆုံး၊ ခြောက်ဘုံလုံးက၊ ရွက်ကျုံးရှစ်ဦး၊ တေဘုန်းထူးကို၊ မဖူးကြားကာ၊ သည်သာစက်၌ ကြုံကြိုက်တွေ့ရ၊ ဆယ်ဆဆယ်ပြန်၊ ကျူးလွန်စုံမက်၊ ရှေးထက်ဝမ်းမြောက်၊ ပြည်ဆူလျှောက်သည့့် (နတ်သျှင်နောင်)

အရောင်တွေကနေ ကျန်းမာရေးကို ဘယ်လိုသက်ရောက်သလဲစာထဲမှာ ရေးထားပါတယ်။ မွေးနေ့လို အချိန်ကာလနဲ့ နေရာတွေမှာ အရောင်တောက်တောက်တွေ ဝတ်ဆင်ပြီး မီးခပ်ဝါဝါထွန်းရတယ်။ မီးလောင်နာ စာနှစ်ပုဒ်လည်း ရေးထားသေးတယ်။

Burns မီးလောင်ဒဏ်ရာ https://doctortintswe.blogspot.com/2015/03/burns.html
Severe Burn Treatment ဆိုးဝါးတဲ့ မီးလောင်နာ https://doctortintswe.blogspot.com/2015/03/severe-burn-treatment.html

ကိသဂေါတမီဟာ သူ့ရဲ့တဦးတည်းသောသားလေး သေဆုံးသွားရလို့ သောကမီးတောက်လောင်ပြီး၊ သူ့သားလေးကို ပြန်ရှင်လာအောင် ကုစားပေးဘို့ မြတ်စွာဘုရားကို လျှောက်ထားပါသတဲ့။ လူသေခြင်းအမှုအသုဘနဲ့ကင်းတဲ့ အိမ်ကနေ မုန်ညင်းဆီတစက် ဘုရားက အရှာခိုင်းပြီးသကာလ အပူမီးကို ငြိမ်းအေးစေခဲ့ပါတယ်။

ဆရာတင်မိုးရဲ့ စာစီစာကုံးထဲမှာ သည်လိုပါတယ်။

အမေ့ကို သင်္ချိုင်းသို့ လိုက်ပို့ကြသည်။ ငါ့အဖေသည် ယူကျုံးမရ။ ငါ့ မမသည် အပူမီး တလောင်လောင်။ ငါ့နှမငယ်သည် အမေ့ကိုဖက်လျက်။ ငါ့မှာမူကား ထိုခဏဝယ် သောက၏စုဝေးရာ ကိုယ်ခန္ဓာဖြစ်လေသည်။ အမေ့ပါးပြင်ကို နောက်ဆုံး နမ်း၏။ အမေ့ခြေရင်းတွင် နောက်ဆုံး နှိပ်နယ်ဝတ်ပြုပေး၏။ အမေ့ကို ငါကန်တော့၏။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၈
KyawkyawWin Taungdagar ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး