ဥတုဘောဇန သင်္ဂဟကျမ်း

သားတယောက်က လှမ်းပြောတယ်။ ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇန သင်္ဂဟကျမ်း ရောက်လာပြီဗျ။

အော့့် ပြင်ရိုက်လား

ဟုတ်မယ်။ ၁၉၉၆ ထုတ်

အဲတာဆိုရင်တော့ မဖတ်ချင်။

ရွှေပြည်ဝန် ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့စာအုပ်ကို ဒုတိယအကြိမ်ရိုက်နှိပ်စဉ်က စစ်အစိုးရလက်ထက်ထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းအတိုင်း ပြင်ဆင်ထုတ်ဝေခဲ့ရကြောင်း ပါရှိပါတယ်။ မူရင်းကျမ်းကို ဦးဘိုးလှိုင်ရဲ့ ရေးထုံးမူအတိုင်း ထားရှိပါသည်လို့လည်းပါရှိပါတယ်။ အဲလိုတိကျရှင်းလင်းစွာ ရေးသားဖေါ်ပြထုတ်ဝေခြင်းဟာ အလွန်လေးစားစရာကောင်းပါတယ်။

ခုခေတ်မှာ သတ်ပုံပြင်ထုတ်စာအုပ်တွေက ပြင်ထုက်ပြန်ထုတ်တွေပဲ မှန်သလိုလို ရောင်ဝါးဝါးလုပ်နေကြတယ်။ ပညာရှိရာမကျကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၃၀-၁၀-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး