ကထိန်ပွဲ

ပုံကို စာနဲ့အတူ ပို့ပါတယ်။ တနှစ် တလ တကြိမ် ဟူသောအသုံးများကို တွေ့ ရပါသည်။ ရှေးကစာအုပ်ထဲမှာပါ ဆရာ။

တနှစ်တွင် တလ၊
တလတွင် တကြိမ်သာ၊
တလတာကာလ၊
တကျောင်းနှင့် တကျောင်း၊
တသင်းနှင့် တသင်း၊
တရပ်ကွက်နှင့် တရပ်ကွက်၊

ကျေးဇူး။ ကထိန်ပွဲကိုရှေးကတည်းက ခင်းကျင်းကြပါတယ်။ မြန်မာစာကိုလည်း ဟိုရှေးကတည်းကရေးသားကြပါတယ်။

ကထိန်ကိုတော့ အစဉ်အလာအတိုင်းသာ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့ထိ တလတိတိ အချိန်ကာလအတွင်းသာ လှူခွင့်ရှိတယ်။ တနှစ်မှာ တလ၊ တလမှာ တရက်၊ တရက်မှာ တကျောင်းနဲ့ အလှူရှင်တဦးက တကြိမ်သာ လှူခွင့်ရှိတယ်။

မြန်မာစာကိုတော့ တကျောင်းတကာထာ တရွာတပုဒ်ဆန်း ရေးနေကြတယ်။ တမှန်သမျှတစ်လို့ရေးနေကြတယ်။

ရဟန်းတို့ရအပ်တဲ့ ကထိန်အာနိသင် (၅) မျိုးနဲ့ အလှူရှင်တို့ရအပ်တဲ့ ကထိန်အကျိုး (၅) မျိုးရှိတယ်။

မြန်မာစာ ကုသိုလ်ရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၈
Aye Min Tun ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး