ဗိလပ်

၁။ ဆရာ ဗိလပ်ဆိုတာ ဘာကိုဆိုတာပါလဲခင်ဗျား။ တယောက်က ချဉ်ပေါင်နဲ့ ဗိလပ် အတူတူဆိုနေလို့ပါ ဆရာခင်ဗျား။

၂။ ၁၉၄၇ ခုနှစ် ဇန္နဝါရီလထဲမှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်တော်အဖွဲ့ ဗြိတိန်နိုင်ငံသို့ မြန်မာ့ လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြရာ သမိုင်းစာထဲမှာ ဗြိတိသျှအစိုးရတို့ ဗိလပ်၌ဆွေးနွေးလို့ ရေးထားတယ်။ လူထုဦးလှရေးထားတဲ့ ကိုသုခအကြောင်းထဲမှာ ယနေ့နာမည်ကျော် ၀တ်လုံတော်ရ ဦးကျော်မြင့် (တရားလွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း) မှာ ဗိလပ်မှ ပြန်လာခါစဖြစ်ပြီး ဒေါ်မမမေ၏ တူတော်သည်ဟု သိရပါသည်လို့ပါတယ်။

ဘိလပ်စကားလုံး ဘယ်ကနေလာသလဲ လိုက်ရှာရတယ်။ ဘိလပ်အသုံးကို ကိုလိုနီခေတ်ရောက်မှ စသုံးတယ်လို့ ယူဆနိုင်တယ်။ ကင်းဝန်မင်းကြီးက လန်ဒန်သွားမှတ်တမ်းလို့သာရေးတယ်။ ဘိလပ်သွားလို့ မရေးပါ။

ဟင်ဒီကနေလာတယ်။ Wīläyat ဆိုတဲ့ ဟင်ဒီစကားကနေ ယူထားတာဖြစ်တယ်တဲ့။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ရပြီးစကာလတွေမှာ အိန္ဒိယကလာသူတွေ များခဲ့တယ်။ ဟင်ဒူစတန်နီခေါ် ဟင်ဒီစကားပြောကြတယ်။ တချို့ဟင်ဒီစကားလုံးတွေပါ မြန်မာစကားနဲ့ မြန်မာစာထဲရောက်လာတယ်။ ဥပမာ၊ အာလူး၊ ပန်ကာ၊ ဂေါ်ဖီ၊ ဘိလပ်၊ ဘိလပ်ရည်၊ ဘိလပ်မြေ၊ ဘိလပ်ပြန်သန်း၊ ဘိလပ်ပြန်ဝတ်လုံတော်ရ။ မြန်မာစာမူလစာလုံး မဟုတ်လို့ ဘိလပ်နဲ့ ဗိလပ် ရေးကြသလား စဉ်းစားမိတယ်။

A wilayah (Arabic: ولاية‎; Urdu and Persian: ولایت‬‎; Turkish: vilayet) is an administrative division, usually translated as "state", "province", or occasionally as "governorate". The word comes from the Arabic "w-l-y", "to govern": a wāli—"governor"—governs a wilayah, "that which is governed". Under the Caliphate, the term referred to any constituent near-sovereign state.

Roselle အရိုးနီချဉ်ပေါင်ကိုလည်း ဘိလပ်ချဉ်ပေါင်၊ ဘိလပ်သီးလို့ခေါ်တယ်။ ရိုးရိုးချဉ်ပေါင်ထက် ဘိလပ်ချဉ်ပေါင်က ပိုချဉ်တယ်။ အရိုးနီတယ်။

ဗိ
ဗိတာန်ကြက်
ဗိမာန်
ဗိရဏီနတ်သမီး
ဗိလတ်မြို့ = (အာရဗီ) ဝိလာယာတ် = ဗိလတ် = နိုင်ငံခြား (ဝကို ဗပြု)
ဗိလပ် = ဝိလုပ္ပန
ဗိလပ်မြေ
ဗိသဏိုးနတ်
ဗိသဏိုးမင်းသမီး
ဗိသုကာ = ဝိသုကမ္မ (ဝကို ဗပြု)
ဗိန္ဒုသာရမင်း

အိမ်ပုန်းရည်နောင်
ဗိလပ်ကယ် ရွှေချဉ်ပေါင်နှင့်
ဆားအရောင် မြင်ရုံပြပါလို့
ငါးပိမှာ ထိရှာရပြီဘူး
ငကျောက်ဆန် တစလယ်ကိုဗျာ
လေးနပ်မျှခွဲ။ (ဦးပုည)

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၇
၁၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး