ကျော့ နှင့် ကြော့

၁။ တကျော့ပြန်လား တကြော့ပြန်လား ဆရာ။

၂။ မင်္ဂလာပါ ဆရာရှင့်။ ကြော့ နဲ့ ကျော့ ဘယ်နေရာမှာ ဘယ်လိုသုံးလဲ သိချင်လို့ပါရှင့်။ သမီးလေးနာမည် ကျော့ကျော့ ပေးထားတာကို တချို့က ကြော့ကြော့ လို့ရေးနေလို့ အမှန်သိချင်လို့ပါရှင့်။ လေးစားလျက်။




တကြော့နှစ်ကြော့ တေးကိုသီ (မာမာအေး)။ ဂီတလုင်မောင်ကိုကိုရဲ့သမီး မစန္ဒာက တကြော့နှစ်ကြော့လို့ရေးတယ်။
ရုပ်ရှင်မှာ တကျော့နှစ်ကျော့။ ကဗျာတွေမှာက ကျော့ရော ကြော့ပါ။

သတ်ပုံစာအုပ်ဟောင်းတွေမှာ -
ကျော့
ဆင်ကျော့ဖမ်း
ဆန်စသည်ကျော့ယူ
တပတ်ကျော့
တကျော့နှစ်ကျော့၊
ထပ်ကျော့သည်
ကျော့ကွင်း
ကျော့ချည်

ကြော့
ကြမ်းကြော့
လှပကြော့ရှင်း
လူပေါ်ကြော့
ကြော့ကြမ်း
ကြော့ရှင်း
ကြော့မော့

ဟင်္သာတထွန်းရင်သီချင်းက လှည်းယဉ်ကျော့ကျော့။ လှည်းယဉ်ကြော့ကြော့လို့ ကဗျာတွေမှာတွေ့တယ်။ မူကွဲလို့ ယူဆရပါတော့တယ်။ တကျော့နှစ်ကျော့နဲ့ တကြော့နှစ်ကြော့မှာ တတွေကို စမသတ်ပါ။ နှကျော့နဲ့ နှကြော့လည်း မဟုတ်ပါ။ စသတ်ရမဲ့နေရာ သတ်ရတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး