ငရုတ်မှန်လျှင် စပ်ရမည်

တင်ကျီးလဲ တဝမ်းပဲ။ ဗျိုင်းလဲ တဝမ်းပဲ။ ဒါပေမယ့် တင်ကျီးက ရေငုပ်ရတယ်။ ရေငုပ်ရှာမှပဲ ငါးရတယ်။ ပင်ပင်ပန်းပန်း စွန့်စားရတယ်။ အဲ ဗျိုင်းကတော့ ရေငုပ်ဖို့ မလိုဘူး။ ကတွတ်ပေါက်က စောင့်နေရုံ။ ငါးထွက်လာရင် ကိုက်ချီလိုက်ရုံပဲ။ လွယ်တယ်။

လယ်ကွင်းပြင်တွေက မျက်စိတဆုံး တမျှော်တခေါ်ကြီး။ လေလာရာ လယ်ကွင်းပြင်တွေဘက် မျက်နှာမူ နေရာက ငရုတ်သီး ညှော်နံ့ ဝေ့ဝင်လာတာနဲ့ မြင်းနှာမှုတ်သလို အသက်ကို ပြင်းပြင်းရှူထုတ် လိုက်ရတယ်။ ပြီး အရာမရောက် လှပေမယ့်လည်း အကျင့်ပါနေတော့ လက်တဖက်နဲ့ ယပ်ခတ်လိုက်မိတယ်။ ငရုတ်သီး လှော်နေကြ ကြော်နေကျ ထောင်းနေကျ ရောင်းနေကျ လူတွေ အဖို့တော့ဘယ့်နှယ်ရှိမယ် မပြောတတ်ဘူး။ မငွေမကတော့ ညှော်နံ့ မခံနိုင်တာ အမှန်ပဲ။့

ဆရာမောင်သာရ ရေးခဲ့တာပါ။ တင်ကျီးလဲ တစ်ဝမ်းပဲ မဟုတ် ဗျိုင်းလဲ တစ်ဝမ်းပဲ မဟုတ်။ မျက်စိတစ်ဆုံး တစ်မျှော် တစ်ခေါ်ကြီး မဟုတ်။ လက်တစ်ဖက်နဲ့ မဟုတ်။

ငရုတ်မှန်လျှင် စပ်ရမည်။ သရုပ်မှန်စာ သတ်ပုံမှန်ရသည်။ ခုခေတ်စာတွေဖတ်ရတာ ငရုတ်သီးညှော်နံ့သာ ရနေတော့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး