နံရံပေါ်ကစာ

ဆရာရှင့်။ ကလေးကတနှစ်ခွဲ ယောက်ျားလေးပါ။ နေကြာစေ့လိုအစေ့အဆံတွေကျွေးရင် ဦးနှောက်ဖွံ့ဖြိုးစေတယ်လို့ ပို့စ်တခုမှာဖတ်ဖူးပါတယ်။ တချို့ကလည်း ကလေးငယ်ရင် မကျွေးရဘူးလို့ပြောကြတယ်။ ကျွေးလို့ရမရ သိပါရစေဆရာ။

ဘယ်စာမဆို ဘယ်သူရေးသလဲ သိရမယ်။ ဆေးပညာနဲ့ ကျန်းမာရေးစာ ဆရာဝန်ရေးတာ ဟုတ်ရဲ့လား သိရမယ်။ သတင်းကို လူလေးစားခြင်းခံရတဲ့ သတင်းဌာနကလာတာ ဟုတ် မဟုတ် သိရမယ်။ ဖေ့စ်ဘွတ်ဆိုတာ သာလာယံဇရပ်လိုပဲ။ လူ ၂ ယောက် တပိုင်းကပြောတာကို နာမည်ကြီးလို့ဆိုပြီး နေ့တိုင်းမေးနေကြတယ်။

လမ်းဘေးမှာ လော်စပီကာနဲ့အော်တိုင်း အမှန်တွေလို့ မထင်ပါနဲ့။ စင်မြင့်ပေါ်မှာ ပရိုဂျက်တာနဲ့ထိုးပြတိုင်း ဟုတ်ချင်မှ ဟုတ်ပါမယ်။

ဆရာဝန်တောင်မှ သက်ဆိုင်ရာရောဂါအတွက် အထူးကုဆရာဝန်က ကျွန်တော်လို ရိုးရိုးဆရာဝန်ထက် ပိုမှန်တယ်။

သင့်အသံ တုန်ရီနေပေမဲ့ အမှန်ကိုသာပြောပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး