မြန်မာစာကို သည်လိုသင်ခဲ့ပါတယ်

ရွှေလမှာ ယုန်ဝပ်လို့

ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်တဲ့ အဖိုးအို
ဟောကြည့်ပါဆို
ဆိုသာဆို ပိုမိုတဲ့စကား
ကလေး အငိုတိတ်အောင် အရိပ်အရောင်ပြတယ်
ဖိုးလနတ်သား။

ကြယ်

မိုးပေါ်မှာ ကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ
သာတော့ခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်းတယ် ဖိုးရွှေလမင်း။

ကြယ် နှင့် လ

မိုးပေါ်မှာ ကြယ်တွေဝင်းလို့
လမင်းက ထိန်လို့သာ
လမင်းနဲ့ ကြယ်တာရာငယ်
ဘယ်ဟဟာက ကြီးပါလိမ့်
ဘယ်ဟာက နီးပါလိမ့်လေး။

ကြယ်တစ်လုံး မဟုတ်ပါ။

မမလေး ပန်စရာ
ပျိုတို့မောင် တောင်ပေါ်ရိုးက
ပန်းချိုးလို့လာ
အပွင့်ရယ်ဝါ
အညှာမှာ မြရည်လိမ်းတယ်
ပန်းနွယ်ကစိမ်း။

ဆပ်သဖူး

ပျိုလေးတို့အိမ်ဦး
ဆပ်သဖူးတဲ့ တရုံနှစ်ရုံ
ကျေးတွေကအုံ
မအုံပါနဲ့ ကျုရွှေကျေး
ပျိုတို့မောင် ရှင်လိင်ပြန်တော့
နားပန်ဖို့လေး။

ခွေးမြီးကောက်

ပျိုလေးတို့ အိမ်အောက်
ခွေးမြီးကောက် တဲ့
တကောင် နှစ်ကောင်
ဆီးတဲ့လို့ ဟောင်
မဟောင်ပါနဲ့ ကိုရွှေခွေး
ပျိုတို့မောင် လိင်ပြန်စကို
ဆီးကြိုပလေး။

တစ်ရုံနှစ်ရုံ မဟုတ်ပါ။
တစ်ကောင် နှစ်ကောင် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁ဝ-၂ဝ၁၈
Phyu Phyu Win ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး