အချုပ်တန်းဆရာဖေ

တွေးမိတိုင်း အရိုးနာသည် အမျိုးပါဆဲချင်ပေါ့လေးလို့စပ်ဆိုခဲ့တဲ့ မန္တလေးအချုပ်နေ ဆရာဖေဟာ ကျွန်တော် မမွေးခင် ၄၄ နှစ်ကကွယ်လွန်သွားပါတယ်။ သူ့စာတွေစာ ကနေအထိ ကျန်ရစ်ပါတယ်။

ငယ်နာမည်က မောင်ပုတ်စည်လို့ခေါ်တယ်။ ဘယ်နဲ့ရေးတဲ့ မောင်ပုတ်စည်၊ ဆန်တပြည် တေးတပုဒ်တဲ့။

နှစ်တရာ၊ ချစ်ရှာသင့်သူမို့၊ သစ္စာနှင့်မြွက်မယ်၊ မေတ္တာဖြင့် ပန္နက်ရွယ်တယ်၊ တသက်ဝယ်ယုံတမ်း။

 ဟုတ်သလို ပြန်မမြွက်သာဘူး၊ တုတ်တပြက် ဓားပါ၊ ရုတ်တရက် ခြားမကွာသည်၊ အနားမှာ လက်ငင်း၊

တယောက်သား လဲလို့သေသေ၊ မထောက်ထား ဆိုးရွားချေသည်၊ မိုးခါးရေ အကုန်သောက်တာမို့၊ ယုံလောက်ဖို့ ဘယ်သူ့ ဘယ်သူ၊ လောကမပြူ၊ ကောသလ စက်ပျော်သူရယ်၊ မက်တော်မူ သည်ကိန်းထင့်လေး။

ပန်းချီမနိုင်

ရွှေပဒုံ ကြာအချပ်ကိုလှ
လေအဟုန် လာပြီးခတ်စဉ်က
ကညာနတ်ထွက်ခဲ့တယ်။

သန်ဓေဘွားဟာမို့
ရွှေသားကို ပန်းချီပြင်ပြီး
သည်ခင်လို စုတ်တံနှင့်ရေးသော်လည်း
ဆေးရနိုင်ဖွယ်။

စခန်းနော် လိုရာကွန့်နိုင်တဲ့
မန်းပေါ်မှာ ကိုကြာညွန့်သော်မှ
ရွံ့ပါလိမ့် သူ့နိကာယ်လို
ရှိတယ်လို့ ဟုတ်ပြီဘူး။

တပါးဟန်
သိကြားရယ် မကြာဖန်တော့
ကွာရန်မှာ တူမည်ဝေးပါငဲ့
တို့တမေ ခင်ခင်လေးမှာကွယ်
ရှေးကုသိုလ်ထူး။

အချုပ်တန်းဆရာဖေစာတွေမှာ သတ်ပုံမှန်တယ်လို့ တင်ပြအပ်ပါတယ်။ ဆန်တစ်ပြည် တေးတစ်ပုဒ်လို့ရေးတာမျိုးတွေ ဖတ်မရပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး