တမြုံ့မြုံ့ဖြင့် စားမြုံ့ပြန်နေသောနွား

မက်ဆေ့တခုရတယ်။ ကျနော်တို့တော့် စာရေးရတာ အတော့်ကိုအခက်တွေ့ တယ် ဖြစ်နိုင်ရင် အင်္ဂလိပ်စာလို တစ်မျိုးတည်းဖြစ်ရင်ကောင်းမယ်တဲ့။

ကျွန်တော်ကတော့ မှန်နေတာကို လွဲအောင်ပြင်ခိုင်းတာကို သဘောမတူ။ တမျိုး (တစ်မျိုး မဟုတ်) ဆိုတာမှာ ဟိုအရင်ကတည်းက မူကွဲရှိတာကိုတော့ လက်ခံတယ်။ အင်္ဂလိပ်စာမှာလည်း မူကွဲတွေရှိတယ်။ ကွန်ပြုတာမှာ ဗြိတိသျှနဲ့ အမေရိကန် ရွေးထည့်ထားလို့ ရတယ်။ စပယ်လင်ချက်လုပ်ရတာ သိပ်လွယ်တယ်။

စာကို အမိန့်ပေးနည်းနဲ့ သင်တာ ပြင်တာ မသင့်ပါ။ ပညာကို ပညာနည်းနဲ့သာ ပိုကောင်း ပိုသင့်တာကို လမ်းညွှန်သင့်တယ်။

ခေတ်ကာလအရ အပြောင်းအလဲရှိတယ်။ ပိုပြီး လွယ်ကူရှင်းလင်းအောင် ပြင်ရတာ။ လွယ်နေ မှန်နေတာကို ခက်အောင် မှားအောင် ပြင်ခိုင်တာမျိုးကို ခေတ်အပြောင်းလို့ မခေါ်ထိုက်ပါ။ မိုဃ်း၊ ဆြာ၊ မင်းသ္မီး၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ စတာတွေကို ပိုပြီး လွယ်ကူရှင်းလင်းအောင်ရေးလာကြာဟာ သင့်မြတ်တယ်။

တခု တကောင် တယောက်တို့သည် မှန်ခဲ့ပြီးဖြစ်ကြ၏။ တစ်ထည့်ရေးနည်းသည် ခက်အောင် လွဲအောင်လုပ်ခြင်းဖြစ်၏။

တခါတရံ လွယ်၏။ မှန်၏။ တစ်ခါတစ်ရံ ခက်၏။ မမှန် မှား၏။

ပဌမ နှင့် ပထမ၊ သမတ နှင့် သမ္မတ၊ ဒါး နှင့် ဓါး၊ တရုပ် နှင့် တရုတ်၊ အသည်း နှင့် အသဲ တို့သည် မူကွဲများဖြစ်ကြ၏။

တမြုံ့မြုံ့ဖြင့် စားမြုံ့ပြန်နေသောနွားကို တစ်မြုံ့မြုံ့လို့ရေးနေကြတယ်။ နွားမြုံ့တယ်ဆိုတာ တစ်နေတာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး