Coffee mix ကော်ဖီမစ် မေးခွန်း

မင်္ဂလာပါဆရာရှင့် ကော်ဖီမစ်ကို မီးရှို့လိုက်ရင် မီးလောင်တာဟာကြောက်ဖို့ကောင်းလို့ စားသုံးဖို့ မသင့်တော်ဘူးဆိုပြီး ပြောဆိုနေကြတာတွေ တွေ့နေ ကြားနေရလို့ပါဆရာ မီးလောင်တာက သကြားကြောင့်လို့ကျွန်မကထင်မြင်မိတယ်ဆရာ။ တကယ်ဘဲ ကော်ဖီမစ်တွေမီးလောင်တာဟာ စားသုံးဖို့မသင့်တော်ဘူးလား ဘာကြောင့်လောင့် လောင်ကျွမ်းရတာလဲ ဆိုတာ သိချင်ပါတယ်ရှင့်။ ဆရာကျန်းမာပါစေ။

Coffee Grounds ကော်ဖီမှုန့်ဟာ ခြောက်သွေ့နေရင် မီးလောင်လွယ်ပါတယ်။ ဘယ်အရာမဆို ခြောက်နေရင် မီးလောင်နိုင်တဲ့သဘောသာဖြစ်တယ်။

Instant coffee ခေါ် soluble coffee ခေါ် coffee crystals ခေါ် coffee powder ခေါ် ကောဖီမှုန့်ကို ခြောက်နေအောင် စီမံထားတယ်။ ရေနွေးထဲထည့်လိုက်တာနဲ့ ပျော်ဝင်လွယ်တယ်။ ခြောက်အောင်လုပ်နည်း freeze-drying နဲ့ spray drying ဆိုပြီး ၂ နည်းရှိသတဲ့။

Caffeine ကေဖင်းဓါတ်ပါဝင်မှုကို သတိထားရတယ်။ ပျမ်းမျှ 66 mg per cup (29–117 mg per cup) ပါဝင်တယ်။ 328 µg/ml (102-559 µg/ml) ပါတာမျိုးတွေလည်းရှိတယ်။ ကေဖင်းအကြောင်း ရေးထားပါတယ်။

Instant coffee Health hazards ကျန်းမာရေးသတိထားစရာ
၁။ Malabsorption အစာစူပ်ယူနိုင်မှုမရှိခြင်း
Instant coffee ကောဖီဟာ အူသိမ်ကနေစုပ်ယူနိုင်စွမ်း 5.88% ကနေ 0.97% အထိ နည်းစေတယ်။ drip coffee ခေါ်ကော်ဖီမှုန့်ကိုအစစ်နဲ့ဖျော်တာကနေတော့ 1.64% သာနည်းစေတယ်။ ၂ ဆပြင်းတဲ့ Instant coffee ကောဖီကနေ စုပ်ယူမှု 0.53% အထိနည်းစေတယ်။

၂။ Carcinogenicity ရိုးရိုးကော်ဖီသာသောက်တဲ့ အမျိုးသမီးတွေမှာ Instant coffee ကြောင့် ဆီးအိမ်ကင်ဆာဖြစ်စေမှု ပိုများတာတွေ့ရတယ်လို့ လေ့လာမှုတခုကဆိုပါတယ်။ တရားဝင်တားမြစ်မှု မရှိပါ။

FDA ဆာဗေးအရ instant coffee ထဲမှာ acrylamide ဓါတ်ပါဝင်မှု 3-7 ppb သာဖြစ်လို့ ရိုးရိုးကော်ဖီမှာပါဝင်မှု 6-13 ppb ထက် နည်းပါတယ်။

သတိထားစရာတွေရှိပေမဲ့ စိုးရိမ်စရာဟုတ် မဟုတ်ကို သေချာလေ့လာပြီးမှသာ ယုံသင့်ကြတယ်။

Coffee grounds ခေါ် ကော်ဖီမှုန့်ကို မီးရှို့ရင် အနံ့ကနေ ယင်ကောင်တွေ ခြင်ကောင်တွေကို အဝေးပို့စေနိုင်ပါသတဲ့။ စွန့်ပစ်ရမဲ့ကော်ဖီတွေကို ခြံထဲမှာ မြေသြဇာအဖြစ်သုံးလို့ရပါသတဲ့။

Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2014/10/coffee-mix.html
How Burning Coffee Grounds Keep You Away From Mosquitoes - What & How https://www.youtube.com/watch?v=kJ_nywNz9oY
How You Can Use Coffee Grounds To Repel Insects Fertilize Lawns And Do Other Household Chores Life https://www.youtube.com/watch?v=5fdrByr-JN4

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး