Coffee Shop Talks ကော်ဖီဆိုင်

ကော်ဖီကို ဘယ်လိုဖျော်ပြီးသောက်ရတာ နှစ်သက်ပါသလဲဆရာလို့မေးတယ်။

ဘယ်လိုဖြေရမလဲ အတော်စဉ်းစားရတယ်။ အန်တီဖျော်ပေးတာလို့ မုသားမပါဖြေလိုက်ရင် ရီစရာလိုလိုဖြစ်မယ်။ ကိုယ်တိုင်ဖျော်တာမဟုတ်ဆိုလည်း အတူတူပဲ။ အဲ့ တခါတလေ ကိုယ်တယောက်တည်းရှိရင်တော့ ရယ်ဒီမိတ်ပဲ သောက်ရတယ်။ အခုနေရတဲ့တိုင်းပြည်မှာတော့ စက်ကနေ ခလုတ်နှိပ်ပြီး ကိုယ်လိုတာထည့်နည်းတော့ တတ်လာပြီ။ ကောင်းပါတယ်။

ကော်ဖီနဲ့ဆင်တဲ့အကြောင်းအရာတခုပြောပါရစေ။ ရေဒီယိုတခုက တာဝန်ရှိသူတဦးကို အင်တာဗျူးလုပ်တယ်။ အမတို့က အဲတာကို ဘယ်လိုသဘောထားပါသလည်းရှင့်တဲ့။ ဖြေတဲ့ ဒုညွှန်ချုပ်ကလည်း အမတို့က ဘယ်လိုက ဘယ်လိုဖြေပါတယ်။

ပြောကြတာက ဌာနဆိုင်ရာအကြောင်း။ နားထောင်ရတာ တမျိုးလို့ထင်တယ်။ ကော်ဖီဆိုင်မှာ စကားထိုင်ပြောနေကြသလို မေးနေ ဖြေနေကြတာ။ လွှင့်ရတာက ရေဒီယိုက။

အဲလိုအပြောအဆိုတွေ နေ့တိုင်းလိုလိုကြားနေရတယ်။ အင်တာဗျူးတွေမှာ အမျိုးစပ်ပြီး ခေါ်ကြပြောကြတယ်။ တမျိုးပဲလို့ ထင်နေတယ်။ မီဒီယာဆိုတော့လည်း မပြောရဲဘူး။

ကော်ဖီဆိုတာ အစပ်အဟပ်မတည့်ရင် အတော်မကောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး