Dead Languages ကွယ်လွန်သွားတဲ့စာတွေ

ကွန်မင့်မှာ Emotion icons, Animated Emoticon, Clip art images အရုပ်တွေ၊ အီမိုရှင်းတွေ၊ အီမိုကွန်တွေ တင်တာကို ကျေးဇူးပြုပြီးမလုပ်ကြဘို့ အကြိမ်ကြိမ်တောင်းပန်ထားခဲ့ပြီးလည်းဖြစ်ပါတယ်။ ငိုတာလား၊ ရီတာလား၊ လှောင်တာလား တကယ်မသိပါ။ အဓိပ္ပါယ်ဖေါ်နေရတာ ကျွန်တော့်အတွက် အချိန်ပိုကုန်တယ်လို့ ယူဆပါတယ်။ အားလုံးကို ဖျက်ပါမယ်။

Egyptian hieroglyphs အီဂျစ်အရုပ်စာခေတ်ကို ပြန်သွားနေသလိုပဲ။ မြန်မာစာနဲ့ မြန်မာစကား လွဲ၊ မှား၊ ပျောက်ကွယ်၊ သေသွားမှာ စိုးပါတယ်။ အခုတော့ လေဖြတ်တဲ့အဆင့်ရောက်နေပြီ။ ကမ္ဘာမှာ သေသွားသလောက်ဖြစ်နေတဲ့ ရှေးဟောင်း ဘာသာစကားတွေရှိတယ်။

၁။ Ancient Greek ရှေးဟောင်းဂရိ၊
၂။ Latin လက်တင်၊
၃။ Old Norse အိုက်စလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် နို့စ် လက်ဟောင်း၊
၎။ Ancient Egyptian ရှေးဟောင်းအီဂျစ်၊
၅။ Sanskrit ဆန်းစ်ခရစ် (သင်္သကရိုက်၊ သက္ကတဘာသာ)
၆။ Middle English အလယ်ခေတ် အင်္ဂလိပ်၊
၇။ Aramaic အရှေ့အလယ်ပိုင်းဒေသ အာရာမစ်၊
၈။ Coptic ရှေးဟောင်းအီဂျစ် ကော့်ပ်တစ်၊
၉။ Biblical Hebrew ကျမ်းစာသုံး ဟီဘရူး၊

နံပါတ် (၁ဝ) မှာ Myanmar မြန်မာစာ ထည့်ရမလားမသိပါ။ မြန်မာစာမြန်မာစကား သေမသွားစေချင်ပါ။ ရှင်နေရင်လည်း သတ်ပုံအလွဲအမှားတွေနဲ့ ဝှီးချဲယားနဲ့ သွားနေရတဲ့ ဒုက္ခိတလည်း မဖြစ်သင့်ပါ။

ပုံထဲကမိန်းကလေးဟာ သနပ်ခါးလူးထားတဲ့ ဗမာမလေးဖြစ်တော့မလား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး