Duck Chasing Little Girl မ ပါတိုင်း ဘဲ သုံးလို့ မမှန်နိုင်

ကျွန်တော်က မြန်မာစာဆရာမဟုတ်ပါ။ မြန်မာစာကို ဆေးကျောင်းပဌမ ၂ နှစ်အထိသာ သင်ယူနိုင်ခဲ့ပါတယ်။

ပြည်ပထွက်လာကတည်းက မြန်မာစာစာအုပ်တွေနဲ့ဝေးသွားတယ်။ ပြည်ပမှာနိုင်ငံရေးလုပ်စရာတွေမရှိတော့ စာတွေ ပြန်ဖတ်နိုင်တယ်။ အဲဒီတော့ မျက်လုံး တကယ်ကို ပြူးရတယ်။ သတ်ပုံတွေ တလွဲရေးထားတဲ့စာအုပ်တွေသာတွေ့ရလို့။

အထောက်အထား အကိုးအကားတွေ နေ့တိုင်းနေ့တိုင်း လိုက်ရှာတယ်။ တွေ့တွေ့လာတယ်။ ပို့ပေးကြတယ်။ ထပ်ထပ် တွေ့လာတယ်။ မျက်မုန်းကျိုးခံပြီး သတ်ပုံအမှားတွေထောက်ပြတယ်။ ပြင်လာကြတာတချို့တွေ့တွေ့လာတယ်။ အားတက်တယ်။ အခု တခုထပ်တွေ့တယ်။ မ ပါတိုင်း ဘဲ သုံးလို့ မမှန်နိုင် တဲ့။

မြန်မာစာမှာ ဖေါ်မြူလာသစ်ထွင်ပြီးသင်နေတာတွေကို လေ့လာတော့ အတော်များများ မမှန်တာတွေ တွေ့ရတယ်။ မ နောက်က ဘဲ လိုက်လည်းမမှန်။ ရေတွက်လို့ရရင် တစ်လည်း မှားတယ်။

BBC https://www.bbc.com/burmese/in-depth-45997772?SThisFB&fbclid=IwAR2KQe2FtMCXabpY7x9PYeT05zrPbEgHTKkosnlNq184a5GkzjelH1sfAJU

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး