Dysmenorrhea ရာသီလာတိုင်းနာဆိုတဲ့ မေးခွန်း

(ကန်တော့ပါ)

မင်္ဂလာပါ ဆရာရှင့် ကျွန်မအသက် 25နှစ် အိမ်ထောင်မရှိပါ။ ကျွန်မလစဉ်ရာသီပေါ်ချိန်တွင်- ဆီးစပ်တအားအောင့်ခြင်း ဗိုက်တအားနာခြင်း ဝမ်းသွားခြင်း အန်ခြင်းတို့ခံစားရပါတယ်ရှင့် အသက် 17နှစ်လောက်တည်းက ရာသီပေါ်ချိန် လတိုင်းနီးပါး ခံစားရတာပါရှင် OG တော်တော်များများနဲ့လည်းပြပြီး ဆေးတွေသောက်ပါတယ် ပထမအကြိမ် စသောက်စပဲအဆင်ပြေပြီး နောက်ပိုင်းပြန်ဖြစ်ပါတယ်ရှင့် အန်ထွာစောင်းရိုက်ကြည့်တော့ သားအိမ်ထဲမှာအန္တရာယ်ရှိစရာ ဘာမှမရှိဘူးလို့ပြောပါတယ် သားအိမ်နံရံတော့ နည်းနည်းထူတယ်ပြောပါတယ်ရှင့် ကျွန်မအစားအသောက်လည်း ရှောင်ပါတယ်ရှင့် ထိုရောဂါဆိုးကြီးပျောက်ချင်ပါတယ်ရှင် ကျေးဇူးပြု၍ ဘယ်လိုဆေးမျိုးတွေသုံးသင့်တယ်ဆိုတာ လမ်းညွှန်ပေးပါရှင့် ကျေးဇူးတင်ပါတယ်ရှင့်

သားအိမ်နံရံထူတယ်ဆိုတာ ဆေးစစ်ချက်စာ (ပုံမဟုတ်) သိပါသလား။

အန်ထွာဆောင်းရိုက်တော့ ဆီးအိမ်တင်းအောင်ရေသောက်ခိုင်းတော့ ပထမတစ်ကြိမ်မတင်းပဲရိုက်မိလို့လားမသိပါ ဘာမှမပေါ်လို့ရေထပ်သောက်ခိုင်းပြီးနောက်တစ်ကြိမ်ရိုက်ရပါတယ်ရှင့် အဲ့လိုရိုက်နေရင်း အန်ထွာစောင်းဆရာက သားအိမ်နံရံတော့နည်းနည်းထူတယ်လို့ ပြောတာပါရှင့် ဆေးစစ်ချက်စာအုပ်ထဲမှာတော့ရေးမပေးပါဘူးရှင့်
ရာသီစက်ဝန်းလည်း ၂၁ရက်ထက်မတိုပါဘူးရှင့် ပုံမှန်မဟုတ်ပဲသွေးဆင်းတာမျိုးလည်းမရှိပါဘူးရှင့် ကျွန်မ ခံစားနေရတာ သားအိမ်နံရံထူခြင်းကြောင့်လားရှင့် ဘယ်လိုဆေးမျိုး သုံးစွဲသင့်ပါသလဲရှင်ကျေးဇူးပြု၍ လမ်းညွှန်ပေးပါရှင့်

အပြောနဲ့တော့ ဖြေလို့မရ။ ရောဂါသိလိုရင် ဘလော့မှာ ဖတ်နိုင်။

ကျေးဇူးပါရှင့်

Hi မင်္ဂလာပါဆရာရှင့် ကျွန်မက အသက် 24နှစ် အပျိုပါရှင့် ရာသီလာချိန်မှာမခံမရပ်နိုင်လောက်အောင် ဗိုက်အောင့် ဗိုက်နာ အော့အန် ခြင်းတွေဖြစ်တတ်ပါတယ်ရှင် OG ပြကြည့်ချင်ပါတယ်ရှင့် ရာသီလာခါနီးမှပြသင့်တာလား မလာခင်ပြသင့်တာလား လာပြီးချိန်မှပြသင့်တာလား သိချင်လို့ပါရှင့်

အရင်တယောက် ၂၅ နှစ် သားအိမ်ထူတာနဲ့ အခုတယောက် ၂၄ နှစ် ရာသီလာစဉ်နာတာ အတူတူလား တခြားစီလား။

ဖတ်နိုင်တဲ့စာတွေ -
- Dysmenorrhea Question ရာသီလာတိုင်းနာဆိုတဲ့ မေးခွန်း https://doctortintswe.blogspot.com/2018/09/dysmenorrhea-question.html
- Dysmenorrhea ရာသီလာရင်နာ https://doctortintswe.blogspot.com/2015/04/dysmenorrhea.html
- Endometriosis (1) သားအိမ်ရောဂါ (၁) http://doctortintswe.blogspot.com/2014/11/endometriosis-1.html
- Endometriosis (2) သားအိမ်ရောဂါ (၂) http://doctortintswe.blogspot.com/2014/11/endometriosis-2.html
- Endometriosis (3) သားအိမ်ရောဂါ (၃) http://doctortintswe.blogspot.com/2015/03/endometriosis-3.html
- Endometrial hyperplasia သားအိမ်ထူခြင်း https://doctortintswe.blogspot.com/2014/12/endometrial-hyperplasia.html
- Endometrial thickness သားအိမ်အတွင်းလွှာ အထူအပါး http://doctortintswe.blogspot.com/2014/12/endometrial-thickness.html

လင့်တွေပို့တာဟာ မေးတဲ့သူမှာ အဲဒီရောဂါတွေရှိနေတယ်လို့ ပြောတာ မဟုတ်ပါ။ ဆေးစစ်ချက်စာမပါပဲ ရောဂါအမည် တပ်မရပါ။

ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး