Flame of Truth Relay သစ္စာမီးတိုင်

လွန်ခဲ့တဲ့ ခြောက်နှစ်တိတိက နယူးဒေလီမှာ ဆေးရောင်းနေတာ မဟုတ်ပါ။

Flame of Truth ခေါ်တဲ့ သစ္စာမီးတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်တဲ့လှုပ်ရှားမှု စတင်ရာမှာ စကားပြောဟောခဲ့ရတယ်။ အိန္ဒိယနဲ့ တိဘက်က မိတ်ဆွေတွေနဲ့အတူဖြစ်ပါတယ်။ နောက်ခံက တိဘက်အလံ။ ဘေးမှာက အိန္ဒိယ အထက်လွှတ်တော် အမတ် ဆွာမိကြီးနဲ့ အိန္ဒိယနိုင်ငံရေးသမားတွေ။ တိဘက်အမျိုးသမီးအမတ်လည်းပါတယ်။ နေရာက Janata Dal အိန္ဒိယ နိုင်ငံရေးပါတီတခုရုံး။

မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွဲလုပ်ခဲ့ကြတဲ့ အိန္ဒိယနဲ့ တိဘက်က မိတ်ဆွေတွေကို သတိရပါတယ်။

Dr. တင့်ဆွေ
၁၃-၁ဝ-၂ဝ၁၂
၁၃-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး