Footsteps ခြေရာ

ဆေးကျောင်းနေဘက်တယောက်က သြစတြေးလျရောက်နေသတဲ့။ အဲဒီနေရာတခေါက်ရောက်ခဲ့တယ်။ ကျွန်တော့်ခြေရာ ရှာခဲ့ပါ။

သမီးကလည်း ကမ္ဘောဒီးယားရောက်နေသတဲ့။ အဲဒီကို ၄-၅ ခေါက်ရောက်တယ်။ အန်ကာဝပ်မှာ အဖေ့ခြေရာကျန်ခဲ့တယ်။

ပြည်ပြေးတယောက် ဟိုရောက်သည်ရောက်။ ခြေရာတွေသာ ထပ်လိုက်ရင် မင်းရွာနဲ့ ကျောက်တောင်ကြားက ယမားချောင်းထဲက လက်ယက်တွင်းထက် နက်မယ်။

လက်ယက်တွင်းရေ စိတ်ရှည်ရှည်နဲ့ ခပ်ယူရတယ်တယ်။ ပြည်ပနိုင်ငံရေးမှာ ရေတစက်နှစ်စက်ထွက်ဖို့ရာ နှစ် ၂ဝ ကျော်ကြာခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၁၀-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး