Gonococcal Arthritis အဆစ် ဂနိုးရီးယား

(ကန်တော့ပါ)

ဆရာခင်ဗျ အဆစ်ဂနိုရီးယားအကြောင်းလေးသိချင်လို့ပါခင်ဗျ လမ်းညွန်ပေးပါခင်ဗျ

အဆစ်မှာဖြစ်တဲ့ ဂနိုးရီးယားရောဂါဟာ လိင်ကတဆင့်ကူးစက်ရာနေ စက်ဖြစ်တာ။ မိခင်မှာရောဂါရှိနေရင် မွေးလာတဲ့ ကလေးကိုပါ ကူးစက်နိုင်တယ်။ ဂနိုးရီးယားဟာ အဖြစ်များတယ်။ ယူအက်စ်အေမှာ နှစ်စဉ် လူနာသစ် ၈ သန်း ၂ သောင်း ရှိတယ်။ ဂနိုးရီးယား ကူးစက်ရင် ဆီးအောင့်မယ်။ အမျိုးသမီးဖြစ်ရင် တင်ပါးဆုံပိုင်း နာမယ်။ အဖြူ အရည် ဆင်းမယ်။ အတူနေရင်နာမယ်။ ပိုးရှိနေပေမဲ့ ဘာမှမခံစားရတာလည်းဖြစ်နိုင်တယ်။

ဖြစ်တဲ့အဆစ် ရောင်မယ်။ နာမယ်။ အရေပြားပါဖြစ်နိုင်တယ်။ ကိုယ်ပူနိုင်တယ်။ ကလေးငယ်တွေဖြစ်ရင် နို့တိုက်ရတာ ခက်မယ်။ ငိုတာများမယ်။ ချော့ရခက်မယ်။ ခြေ လက် အလိုလိုလှုပ်နိုင်တယ်။

တချို့မှာ နာတာရှည်ဖြစ်နိုင်တယ်။ ခြေချင်းဝတ်၊ ဒူး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်တွေမှာဖြစ်တယ်။ တခြားအဆစ်တွေ အဖြစ်နည်းတယ်။

ပဋိဇီဝဆေးတွေက နိုင်တယ်။ ဒါပေမဲ့ ဆေးယဉ်တဲ့ပိုးအမျိုးအစာတွေ ပေါ်လာနေတယ်။

ပဋိဇီဝစားဆေးအပြင် Ceftriaxone 250 mg ထိုးဆေးပါပေးရတယ်။ စာဆေး Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁ဝ ရက် သို့မဟုတ် Azithromycin 1 mg စားဆေးလည်းပေးနိုင်တယ်။

ဆေးမကုရင် နောက်ဆက်တွဲဖြစ်တာတွေရှိမယ်။ အမျိုးသမီး တင်ပါးဆုံတွင်းအင်္ဂါတွေရောင်မယ်။ ကိုယ်ဝန်ဆောင် မူမမှန်တာဖြစ်နိုင်တယ်။ မွေးစကလေး မျက်စိနာမယ်။ မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်တယ်။ ယောက်ျား မိန်းမ ကလေးမရ ဖြစ်မယ်။

1. Chlamydia (ကဲလ်မီဒီးယား) အဖြစ်များဆုံး STD https://doctortintswe.blogspot.com/2014/12/chlamydia-std.html
2. Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား https://doctortintswe.blogspot.com/2015/06/chlamydia-and-gonorrhea.html
3. Gonorrhea ဂနိုရောဂါ https://doctortintswe.blogspot.com/2014/10/gonorrhea.html
4. Neonatal conjunctivitis မွေးကာစကလေး မျက်စိကျိန်းရောဂါ https://doctortintswe.blogspot.com/2017/06/neonatal-conjunctivitis.html
5. Pelvic Inflammatory Disease PID အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း https://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html
6. Super Gonorrhoea ဆူပါ ဂနိုးရီးယား https://doctortintswe.blogspot.com/2018/03/super-gonorrhoea.html

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး