Height အရပ်

ဆရာ သားက ၅လကျော်အရွယ်ပါ ကျွန်မရော အမျိုးသားရော အရပ်ပုကြတော့ သားကိုတော့ အရပ်ရှည်စေချင်တာ ဘယ်လိုပြုစုရမယ် ကျွေးမွေးရမယ်ဆိုတာ ကျေးဇူးပြု၍လမ်းညွှန်ပေးပါရှင့်။ နောက်တခုက ကိုယ်ဝန်ဆောင်ချိန်မှာ ၃လလောက် အိပ်ရာကမထနိုင်အောင် မူးဝေအော့အန်အစားမဝင်တော့ ဆေးတွေအများကြီးစားရတယ် ဆလိုင်းပုလင်းလည်း ၂၀ကျော်လောက်သွင်းရတယ် ဆေးရုံတက်ပြီး။ အဲဒါဆလိုင်းသွင်းများရင် ကလေး (သို့) အမေမှာ အလွန်အကျွံဝလာတတ်တယ်လို့ပြောကြလို့ ဟုတ်ပါသလားရှင့် သားက ၅လမှာ ၁၇ပေါင်ခွဲပါ ကျွန်မကပေါင်၁၂၀ပါ

ဝတာဟာ ဆေးသွင်းလို့ မဖြစ်နိုင်။ ဆလိုင်း ခေါ် ဒရစ်ပုလင်းသွင်းရင် ရေသောက်သလိုပဲ သွေးလှည့်စနစ်မှာ ပိုလျှံတဲ့အရည်ထုထည်ကို ဆီးအဖြစ် စွန့်ထုတ်လိုက်တယ်။ မိနစ်ပိုင်းသာ ကိုယ်ထဲမှာနေတယ်။

ကလေးတွေ ကြီးလာရင် အရပ်ဘယ်လောက်ရှည်မလဲ မှန်းဆတဲ့နည်း တိကျတာ မရှိပါ။

နည်းတနည်းကတော့
ယောက်ျားလေးဆိုရင် (အမေအရပ် + အဖေ့အရပ်) ထဲကို ၅ လက္မ (၁၃ စင်တီမီတာ) ပေါင်းထည့်ပြီး ၂ နဲ့စားပါ။ မိန်ကလေးဆိုရင် (အမေအရပ် + အဖေ့အရပ်) ထဲကို ၅ လက္မ (၁၃ စင်တီမီတာ) နှုတ်ပြီး ၂ နဲ့စားပါ။

လူတွေ အရပ် အသားရောင်ဆိုတာ မျိုးဗီဇအရဖြစ်တယ်။ ပြင်လို့ မရ။ လူ့အရပ်ဆိုတာ အပျိုပေါက် လူပျိုပေါက်ချိန်မှာ ဖြစ်လာတယ်။ မိဘအရပ်အတိုင်း ပူသူ ရှည်သူဖြစ်သလို မိဘနဲ့မတူတဲ့သားသမီးလည်းဖြစ်နိုင်တယ်။ ဆေးတွေက ပိုက်ဆံလိုချင်လို့ ရောင်းတာတွေသာရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး