Hepatitis Tests ဘီပိုးနဲ့ စီပိုး ဘယ်တော့စစ်မလဲ

မင်္ဂလာပါဆရာ ကျွန်တော့်အသက် ၂၅နှစ် ကျားပါ အသည်းရောင် အသားဝါ B ပိုး+ C ပိုး စတင်ကူးစက်ခံရသည်ဟု ယူဆရသည့်နေ့မှစပြီး မည်မျှအကြာတွင် စစ်ဆေးရမလဲခင်ဗျာ။

သွေးစစ်ရင် သိပါမယ်။ အခုစစ်လို့ရနိုင်။

ဟုတ်ကဲ့ဆရာ ကျွန်တော်ကူးစက်ခံရတယ်လို့ ယူဆရတဲ့နေ့က ၂၃.၁၀.၂၀၁၈ပါ ယနေ့ ၂၈.၁၀.၁၈ပါ ၅ ရက် ကြာပါတယ်ဆရာ ယနေ့ပဲ သွားစစ်ပါ့မယ် ကျေးဇူးအထူးတင်ပါတယ်ဆရာ။

Hepatitis B Test အသဲရောင်ဘီပိုးကို သံသယရှိမှုနောက် ၆ ပတ်ကြာမှသာစစ်လို့တွေ့နိုင်တယ်။ တချို့မှာ အစောဆုံး ၃ ပတ်နဲ့တွေ့တယ်။ နောက်ဌာနတခုအဆိုအရ ၁ ပတ်ကနေ ၉ ပတ်လို့ဆိုပါတယ်။ ပျမ်းမျှ ၄ ပတ်နေရင် စစ်နိုင်တယ်။ HBsAg တွေ့ရင် ကူးစက်ခံထားရတယ်။

Hepatitis C Test အသဲရောင်စီပိုးကို သံသယရှိမှုနောက် ၈ ပတ်ကနေ ၉ ပတ်မှာ စစ်နိုင်တယ်။

Hepatitis A Test အသဲရောင်အေကို ၂ ပတ်ကနေ ၇ ပတ်အတွင်းစစ်နိုင်တယ်။ ပျမ်းမျှ ၂၈ ရက်။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး