Interviews အသံကြား အားတက်ပါစေ

တချိန်က BBC မှာ ဆရာ လွှင့်ဖူးသလားလို့ပါ BBC လား BOA လား သမီးငယ်ငယ်ကတည်းက ဒေါက်တာတင့်ဆွေဆိုတဲ့ နာမည်ကို ကြားဖူးတယ် အသံလွှင့်ဖူးတယ်လို့ ထင်လို့ပါဆရာရှင့် သမီးငယ်ငယ်ကဆို ရေဒီယို အမြဲ နားထောင်ခဲ့တာလေ

ဟုတ်တယ်။ အရင်က BBC, VOA, RFA, DVB ရေဒီယိုတွေက မကြာခဏ မေးလို့ ဖြေခဲ့တယ်။

ပြည်ပနိုင်ငံရေးကာလ ၁၉၉၁ ကနေ ၂ဝ၁၄ အထိကြာခဲ့တယ်။ ကျွန်တော်က အိန္ဒိယမှာနေခဲ့တယ်။ အဲဒီ ပြည်ပရေဒီယိုတွေကနေ မေးကြပါတယ်။ အထူးသဖြင့်တော့ အိန္ဒိယမှာဆောင်ရွက်နေတာတွေကိုမေးတယ်။ DVB TV ပေါ်လာတော့လည်း အသံသာမက လှုပ်ရှားမှုတွေပါ လွှင့်ပေးပါတယ်။ အဲတော့မှ ရွာကအမျိုးတွေက ကျွန်တော် သေပြီလိုလို ထောက်လှမ်းရေးကသတင်းလွှင့်တာ ကြားနေရတာမို့ ဝမ်းသာကြသတဲ့။ ကျေးဇူး။

ဒေလီမြို့မှာ အင်္ဂလိပ်ဘာသာနဲ့လွှင့်တဲ့ တီဗွီတွေကနေလည်း အတော်များများဖြေခဲ့ရသေးတယ်။ တခါတခါ စတူဒီယိုတွေအထိသွားပြီး စကားပြိုင်ပြောရတယ်။ ဒေါ်စုနေအိမ်အကျယ်ချုပ်ကလွတ်တော့ ကျွန်တော်နေတဲ့အိမ်အထိ ကားခေါင်မိုးမှာ စလောင်းကြီးနဲ့ လာပြီးဗျူးတယ်။ အိမ်ရှေ့လမ်းက သိပ်မကျယ်လို့ ကျယ်တဲ့လမ်းဆုံမှာ ကုလားထိုင်တလုံးနဲ့ ဖြေရတယ် တချို့က ဘောလီဝုဒ်ရုပ်ရှင်ရိုက်တာမှတ်နေကြတယ်။ Smile!

၂၀၀၇ သံဃာတော်များလှုပ်ရှားမှုကာလမှာတော့ စတူဒီယိုတခုကနေ နောက်တခုကူးပြီး အင်တာဗျူးတယ်။ စားစရာကို တက်စီပေါ်မှာစားရတယ်။

၂၀၁၅ ရွေးကောက်ပွဲကာလတုန်းကတခါ ဝါရှင်တန်ဒီစီမှာရှိတဲ့ VOA စတူဒီယိုကနေ ဆွေးနွေးခဲ့ရပါသေးတယ်။

၂၄ နှစ်တာကာလအတွင်း နိုင်သလောက် လုပ်ခဲ့တာတွေပါ။ အသံကြား၍ အားတက်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁၀-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး