Know Your Horse စီးတော်မြင်း
ဆရာ့အရွယ် ဆရာ့ပညာအရ ကန်တော့ပါပြောစရာမလိုထင်ပါတယ်။ ပညာပေးအရ ရေးသာရေးပါဆရာ။
ဟုတ်။ တချို့က ကျွန်တော့်အသက်အရွယ်မပြောနဲ့၊ အထီးအမ မသိလို့ ဆရာမလို့တောင်ခေါ်တာ ၃ ယောက်ရှိပြီ။
ကိုယ်စီးတဲမြင်းကို အထီမှန်း အမမှန်းသိပါဆိုတာ မြန်မာစကားပုံ။ ကျွန်တော်လည်း မေးခွန်းမေးသူတွေကို ကိုယ့်ကျော်ပေါ် တက်စီးသူတွေလို့သဘောထားပြီး အထီး အမ သိချင်တယ်။ ကလေး လူကြီး သိချင်တယ်။ ကိုယ်ဝန်ဆောင်ထားလား သိချင်မိတယ်။ တချို့က မေးနည်းစည်းကမ်းကို လျှာရှည်တယ်ထင်ကြတယ်။
သူများနိုင်ငံဆိုစကားက မြင်းမှာ အပြင်ပန်းရုပ်က အရေးကြီးတယ်။ လူမှာ အတွင်းသန္တာန်က အရေးကြီးတယ်တဲ့။ မေးတဲ့သူတွေ အတွင်းသဘောထားတော့ ကျွန်တော်က မသိပါ။ ယောက်ျား မိန်းမ၊ အသက်အရွယ်၊ အပျို အအိုတော့ ပြောပြကြစေချင်တယ်။ မပြောလိုသူက များလွန်းလို့ ဘလော့ရေးထားတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၇
၁၁-၁ဝ-၂ဝ၁၈

Comments
Post a Comment